မြန်မာ့ဒီမိုကရေစီအရေးတွင် ပါ၀င်ခဲ့သော သင်္ကြန်သံချပ်သူရဲကောင်းများအား ဂါရဝပြုကန်တော့ပွဲ ပြုလုပ်

မြန်မာ့ဒီမိုကရေစီအရေးတွင် ပါ၀င်ခဲ့သော သင်္ကြန်သံချပ်သူရဲကောင်းများအား ဂါရဝပြုကန်တော့ပွဲ ပြုလုပ်

ဖေဖော်ဝါရီ ၂၅ ။             ။ မြန်မာ့ဒီမိုကရေစီခေတ်ပြောင်းတော်လှန်ရေး ပေါ်ပေါက်အောင် ဦးဆောင်ခဲ့သော သြင်္ကန်သမားဟောင်းကြီး များအား ဂုဏ်ပြုသည့်အနေဖြင့် “ သြင်္ကန်သံချပ်ချစ်သူများ၏ တတိယအကြိမ် သြင်္ကန်သံချပ်သူရဲကောင်းများ ဂါရဝပြုကန်တော့ပွဲ” ကို ဖော်ဝါရီ ၂၅ရက်က ဆာကူရာတာဝါ အထပ် ၂၀တွင် ပြုလုပ်ခဲ့သည်။

အဆိုပါပွဲသို့ ၈၈မျိုးဆက် ဦးမင်းကိုနိုင်၊ ၈၈ မျိုးဆက် ဦးမောင်မောင်ကျော်၊ မေတ္တာ၊ ဗေလုဝ တို့အပါအဝင် ပြည်သူ့အတွက်ရပ်တည်ခဲ့ကြသော သြင်္ကန်သံချပ် အဖွဲ့သားကြီးများ တက်ရောက်ခဲ့ကြပြီး ပိတောက်တစ္ဆေ၊ မောင်မောင်ဆိုလေ ထီးရိုးရှည်၊ ၊ ဒိုးဒိုးဒေါက်ဒေါက် ၊ မဟာရန်ကုန် ၃၆၀၊ အနုလုံပဋိလုံ/တန်ခူးဘုရင် အပါအဝင် သြင်္ကန် သံချပ်အသင်း ၃၆ သင်း ပါဝင်သည်။

ချစ်စရာကောင်းတဲ့စိတ်ဓါတ်ပါ။ သြင်္ကန်သူရဲကောင်းများသည် ပကတိအတိုင်း ပြောရဲသောသတ္တိရှိသူများ ဖြစ်သည် ဟု အကန်တော့ခံသြင်္ကန်သံချပ်ဆရာကြီးတစ်ဦးက ဆိုသည်။

သြင်္ကန်ချစ်သူများ ကန်တော့ပွဲဖြစ်မြောက်ရေးယာယီ ဥက္ကဋ္ဌ ဦးတိုးဝင်းက အမှာစကားပြောကြားခဲ့ပြီး သြင်္ကန်သံချပ် ရေးကာ ပြည်သူ့အတွက် ရပ်တည်ခဲ့ကြသော သြင်္ကန်သံချပ်အဖွဲ့မှ ဆရာကြီးများအား ကန်တော့ပွဲ ပြုလုပ်ခဲ့သည်။

“ ပြည်သူတွေ တစ်ပြား ၂ ပြားစုထည့်ထားတဲ့ မဏ္ဍပ်ကိုသွားရင်တော့ ဆိုရှယ်လစ်အရေခြုံတွေ ကောင်းကြောင်း တော့ ပြောမယ်မကြံနဲ့ ။ ပြတ်ပြတ်သားသား ပြည်သူလူထု နစ်နာဆုံးရှုံးတာကိုပြော၊ ဒါကြောင့် အဲဒီမှာ စုကြမယ်။ ဒါပေမယ့် ဆုတော့နည်းမယ်။  ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေ ပေးနိုင်တာက သူတို့ရဲ့ အသိအမှတ်ပြုမှုကိုပဲ ပေးနိုင်တာ။  အဲဒီလိုမျိုး ကျွန်တော်တို့ခေတ်က ဖြတ်သန်းခဲ့တယ် ” ဟု ဆိတ်ပါးစပ် နတ်မျက်စိ သြင်္ကန်သံချပ်အဖွဲ့မှ ၈၈မျိုးဆက် ဦးမင်းကိုနိုင်က ပြောသည်။

ထို့နောက် ပွဲဖြစ်မြောက်ရေးအတွင် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြပြီး အဆိုပါပွဲဖြစ်မြောက်ရေးအတွက် ပါရမီစွမ်းအင်ကုမ္ပဏီမှ အဓိက ကူညီပံ့ပိုးပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required