လုံခြံုရေးအရံအတားကို ကားတစ်စီး ဝင်တိုက်ပြီးနောက် အိမ်ဖြူတော်အား ပိတ်ထား

လုံခြံုရေးအရံအတားကို ကားတစ်စီး ဝင်တိုက်ပြီးနောက် အိမ်ဖြူတော်အား ပိတ်ထား

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ။               ။ အမေရိကန်သမ္မတ အိမ်ဖြူတော်၏ လုံခြုံရေးအရံအတားကို ကားတစ်စီးက ဝင်တိုက်မိပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်းတွင် အိမ်ဖြူတော်အား ပိတ်ထားလိုက်သည်။

အဆိုပါ ဝင်တိုက်သည့် ကားသည် အိမ်ဖြူတော်ဝင်း၏ လုံခြုံရေးအရံအတားကို ချိုးဖျက်ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း U.S Secret Service အဖွဲ့က တွစ်တာတွင် ရေးသားသည်။
“ဒီမတော်တစ်ဆ ဖြစ်စဉ်မှာ ပစ်ခတ်မှု လုံးလုံးမရှိခဲ့ပါ။”ဟု အဆိုပါ တွစ်တာတွင် ဖော်ပြထားသည်။

ဝင်တိုက်သည့်ကားမှ မောင်းသူအမျိုးသမီးကို ချက်ချင်းဖမ်းဆီးလိုက်ကြောင်းလည်း ယင်းအဖွဲ့က ပြောသည်။

အိမ်ဖြူတော်စည်းရိုးအား ကားဝင်တိုက်မိချိန် လုံခြုံရေးတာဝန်ရှိသူများ၏ ချက်ချင်းတုံ့ပြန်ချက်များဖြင့် အိမ်ဖြူတော်မြေပြင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ကြောင်း မျက်မြင်များက ပြောသည်။
ထို မတော်တဆမှု ဖြစ်ချိန်တွင် အိမ်ဖြူတော်အတွင်း သမ္မတ ဒေါ်နယ်ထရမ့်က သြစတြေးလျ ဝန်ကြီးချုပ် တမ်းဘောလ်အား ဧည့်ထောက်ခံတွေ့ဆုံလျက် ရှိနေချိန်ဖြစ်သည်။

ယင်းဖြစ်ရပ်ကြောင့် ဝန်ကြီးချုပ် တမ်းဘောလ်သည် အိမ်ဖြူတော်က ထွက်ခွာချိန် နှောင့်နှေးမှု ဖြစ်ခဲ့သည်။
ဖြစ်စဉ်တွင် မည်သည့်လုံခြုံရေးရာအမှုထမ်းမှ ထိခိုက်မှု မရှိကြောင်း Secret Service အဖွဲ့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly