မင်္ဂလာမန္တလေး ၃ နှစ်ပြည့် ဓာတ်ပုံပြိုင်ပွဲ၊အကပြိုင်ပွဲများနှင့်ဖျော်ဖြေပွဲများ ပြုလုပ်

မင်္ဂလာမန္တလေး ၃ နှစ်ပြည့် ဓာတ်ပုံပြိုင်ပွဲ၊အကပြိုင်ပွဲများနှင့်ဖျော်ဖြေပွဲများ ပြုလုပ်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ဖေဖော်ဝါရီ ၂၄ ။             ။ မင်္ဂလာမန္တလေး ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြိုင်ပွဲ၊အကပြိုင်ပွဲများနှင့်ဖျော်ဖြေပွဲများကို ဖေဖော်ဝါရီလ ၂၄ ရက်၊နံနက် ၁၀ နာရီက စတင်၍ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်း၊ မန္တလာသီရိဘောလုံးကွင်းအနီး မင်္ဂလာမန္တလေးတွင် ပြုလုပ်လျှက်ရှိသည်။

အဆိုပါပွဲကို နှစ်ရက်ကြာ နံနက် ၁၀ နာရီမှည ၉ နာရီထိပြုလုပ်သွားမှာဖြစ်သည်။

"ဆိုင်ခန်းပေါင်း၈၀ကျော်က စားသောက်ကုန်၊ လူသုံးကုန်တွေကိုလည်း လျော့ဈေးနဲ့ ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။အဲဒါအပြင် လာရောက်တဲ့သူတွေကို မုန့်ဟင်းခါးနဲ့ မုန့်လက်ဆောင်ကို စတုဒိတာ ကျွေးသွားမှာပါ"ဟု မင်္ဂလာမန္တလေး Business Support Center မန်နေဂျာ ဒေါ်ဇင်မာအေးက ပြောသည်။

မင်္ဂလာမန္တလေး ၃နှစ်ပြည့် အထိမ်းအမှတ် ဖိတ်ခေါ် ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆု ၁၀သိန်း၊ ဒုတိယဆု၇သိန်း၊ တတိယဆု၅သိန်း၊ နှစ်သိမ့်ဆု၃ဆုတွင် တစ်ဆုလျှင်၂သိန်း၊ ကုမ္ပဏီစိတိကြိုက်၃ဆုတွင် တစ်ဆုလျှင် ၁သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ယနေ့အစီစဉ်တွင် အဆိုတော် ချစ်ကောင်း၊ ကော်နီ၊ ခွန်ငယ်လင်း၊ ကိုဖြူ၊ Project K အကအဖွဲ့မှကပြ ဖျော်ဖြေခြင်း၊ Street Art (အကပြိုင်ပွဲ)၊ Dream Lover Music Band နှင့် မင်္ဂလာမန္တလေးမှအဆိုရှင်များ၏ ဖျော်ဖြေတင်ဆက်နေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ(၂၅)ရက်တွင်အဆိုတော် ဝေလ နှင့်နီနီခင်ဇော်တို့ကဖျော်ဖြေသွားမှာဖြစ်ပြီး ကံစမ်းမဲအစီအစဉ်များ၊ CosplayCompetition(ဇာတ်ကောင်ပြိုင်ပွဲ) ပြုလုပ်ပေးသွားမည်ြ ဖစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly