အိန္ဒိယ ယာဉ်တိုက်မှု ကျောင်းသား ၉ ဦးထက်မနည်း သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

အိန္ဒိယ ယာဉ်တိုက်မှု ကျောင်းသား ၉ ဦးထက်မနည်း သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

 

ဖေဖော်ဝါရီ ၂၄ ။              ။ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် အရှေ့ပိုင်းမှာ ဖေဖော်ဝါရီ ၂၄ ရက်က စာသင်ကျောင်းတစ်ခုရှေ့ လမ်းမတစ်ခုမှာ ယာဉ်တိုက်မှုတစ်ခုဖြစ်ပြီး ကျောင်းသား၊ကျောင်းသူ ကိုးဦးထက်မနည်း သေဆုံးသွားတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ အခြား အယောက် ၂၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေ ရသွားခဲ့တယ်လို့ ဆိုပါတယ်။

စာသင်ကျောင်းအပြင်ဘက် လမ်းမပေါ်မှာ အဆိုပါ ကားက ကျောင်းသား ကလေးငယ်တွေကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်သွားမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါယာဉ်ဟာ ယင်းစာသင်ကျောင်းနား မရောက်မီမှာ လမ်းသွားလမ်းလာတစ်ဦးကို ပွတ်ရှောင်ပြီး စာသင်ကျောင်းနား ရောက်လာချိန်မှာလည်း အရှိန်မလျှော့ဘဲနဲ့ မောင်းနှင်လာခဲ့ရာကနေ ယခုလို ကလေးငယ်တွေကို တိုက်မိခဲ့တာ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ ယာဉ်တိုက်မှုကတော့ ပြည်နယ် မြို့တော် Patna ကနေ ၄၃ မိုင်အကွာ Muzaffarpur ဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

" မျက်မြင်တွေ့ရှိသူတွေ ပြောတာကတော့ ဒရိုင်ဘာက အလယ်တန်းကျောင်း ကလေးတွေကို တိုက်မိပြီးတာတောင်မှ ချက်ချင်း မရပ်ဘူးလို့ ဆိုပါတယ်၊ သူ့ကားက မှောက်သွားပါတယ်၊ ပြီးတော့ သူထွက်ပြေးသွားပါတယ်၊ ကျွန်တော်တို့ခု သူ့ကို လိုက်ရှာနေပါတယ်" ဆိုပြီး ဘီဟာရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Anil Kumar Singh က ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required