ကမ္ဘာ့အဝဆုံးအဖြစ် သတ်မှတ်ခံရဖူးတဲ့ မက္ကဆီကိုအမျိုးသား ၁ နှစ်ကျော်အတွင်းမှာပဲ ကိုယ်အလေးချိန် ၅၅၁ ပေါင်အထိ ကျသွား

ကမ္ဘာ့အဝဆုံးအဖြစ် သတ်မှတ်ခံရဖူးတဲ့ မက္ကဆီကိုအမျိုးသား ၁ နှစ်ကျော်အတွင်းမှာပဲ ကိုယ်အလေးချိန် ၅၅၁ ပေါင်အထိ ကျသွား

 

ဖေဖော်ဝါရီ ၂၄ ။             ။ တစ်ချိန်တုန်းက ကိုယ်အလေးချိန် ၁,၃၀၂ ပေါင်နဲ့ ကမ္ဘာ့ အဝဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံခဲ့ရသည့် မက္ကဆီကိုအမျိုးသားကတော့ ယခုအခါမှာ ကိုယ်အလေးချိန် ၅၅၁ ပေါင်ထိ လျော့ကျသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

မက္ကဆီကို မြောက်ပိုင်းပြည်နယ်တစ်ခုမှာ နေထိုင်တဲ့ ဟွမ် ပက်ဒရို ဖရန်ကို ဆိုသူ အသက် ၃၃ နှစ်အရွယ် အမျိုးသားကိုတော့ ကမ္ဘာ့အဝဆုံး အမျိုးသားအဖြစ် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဂင်းနစ်ကမ္ဘာ့မှတ်တမ်းမှာ သတ်မှတ်ကြေညာခံခဲ့ရပါတယ်။

သို့ပေမယ့်လည်း ယခုအခါမှာတော့ ၎င်းရဲ့ အခြေအနေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။ ဖရန်ကိုဟာဆိုရင် ယင်း ၂၀၁၇ နောက်ပိုင်း အစာအိမ် ခွဲစိတ်မှု နှစ်ကြိမ် လုပ်ခဲ့ပြီး နေထိုင်စားသောက်ပုံ နဲ့ လေ့ကျင့်ခန်းတွေ ကို စနစ်တကျ ပြောင်းလဲလုပ်ဆောင်ခဲ့တဲ့နောက်မှာတော့ ယခုအခါ ၎င်းရဲ့ ကိုယ်အလေးချိန်ဟာ ပေါင်ချိန် ၁,၀၀၀ အောက်ကို လုံးလုံးလျားလျား လျော့ကျသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်နေ့နေ့မှာ ပြန်ပြီး မတ်တပ်ရပ်သွားလာနိုင်မယ်ဆိုပြီး မျှော်လင့်ချက်တွေ အားကောင်းလာပြီ ဖြစ်ပါတယ်။

ဖရန်ကိုဟာ ဆိုရင် တစ်နှစ်ကျော် ကာလအတွင်းမှာပဲ သူ့ခန္ဓာကိုယ် အလေးချိန်ပိုင်းမှာ ပေါင်ချိန် ၅၅၁ ပေါင်အထိ ကျသွားအောင်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

၎င်းရဲ့ အဓိက ရည်မှန်းချက်ကတော့ သူဟာ နှစ်တွေအများကြီး အိပ်ခန်းထဲမှာပဲ ကုန်ဆုံးနေခဲ့ရပြီး နောက်တစ်ကြိမ် လမ်းပြန်လျှောက်နိုင်အောင် လုပ်ဆောင်သွားဖို့ ဖြစ်တယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly