နယူးဒေလီမြို့က အမေ့လျော့ခံ မဂို ပန်းခြံကို ပြည်သူ့ ဥယျာဉ်အဖြစ် ပြန်လည်ဖွင့်လှစ်ပေး

နယူးဒေလီမြို့က အမေ့လျော့ခံ မဂို ပန်းခြံကို ပြည်သူ့ ဥယျာဉ်အဖြစ် ပြန်လည်ဖွင့်လှစ်ပေး

 

ဖေဖော်ဝါရီ ၂၄ ။                       ။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့လယ်က အမေ့လျော့ခံ မဂို ပန်းခြံကိုတော့ ယခုအခါ ပြည်သူ့ ဥယျာဉ်အဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကစလို့ ပြန်လည် ဖွင့်လှစ်ပေးထားလျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ ပန်းခြံကိုတော့ နှစ်ကာလတွေကြာ အပင်ပန်းခံ ပြန်လည်ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ ယခုလို အများပြည်သူပိုင် ပန်းခြံ ဥယျာဉ်သစ်တစ်ခုအနေနဲ့ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါဟာ လူနေထူထပ်ပြီး မီးခိုးငွေ့တွေနဲ့ မွန်းကျပ်နေလျက်ရှိတဲ့ အိန္ဒိယမြို့တော်နေ ပြည်သူတွေအတွက်ကတော့ စိတ်အပန်းပြေ သက်သာရာရသွားစေနိုင်ဖို့ ရှိနေပါတယ်။

အကျယ်အဝန်း ဧက ၉၀ ရှိတဲ့ အဆိုပါ မဂို ပန်းခြံကိုတော့ အိန္ဒိယ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတွေက တရားဝင် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ယင်း ပန်းခြံတွင်းက ယခင်ပျက်စီးမှုတွေ ရှိနေခဲ့တဲ့ ၁၆ ရာစု အထိမ်းအမှတ် ကျောက်တိုင် ရုပ်ထုတွေကိုလည်း ပြန်လည်ပြုပြင်ထိန်းသိမ်းပေးထားခဲ့ကြောင်း သိရပါတယ်။

ယင်းပန်းခြံတွင်းက ရှေးဟောင်း ကျောက်ဂူတစ်ချို့ကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အကြာက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ မဆောင်ရွက်ခင်က လုံ့၀ ပျက်စီးလုနီးပါး ဖြစ်နေခဲ့သော်ငြားလည်း ယခုအခါမှာတော့ ယင်းတို့ကိုတော့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းခံထားရပြီး ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly