ခေါင်းပေါ်က ထိပ်ကွက်နေတဲ့ နေရာကို မနည်းဖုံးကွယ်ထားရတယ်ဆိုပြီး ဒေါ်နယ်ထရမ့် ဟာသလုပ် ပြော

ခေါင်းပေါ်က ထိပ်ကွက်နေတဲ့ နေရာကို မနည်းဖုံးကွယ်ထားရတယ်ဆိုပြီး ဒေါ်နယ်ထရမ့် ဟာသလုပ် ပြော

 

ဖေဖော်ဝါရီ ၂၄ ။                ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ရှားရှားပါးပါးပဲ ၎င်းရဲ့ ထူးခြားတဲ့ အဝါဖျော့ရောင် ဆံပင်နဲ့ပတ်သက်လို့ အများကို ရယ်စရာလုပ် ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်တဲ့ ကွန်ဆာတေးဗစ်တွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာ ထရမ့်က မိန့်ခွန်းပြောကြားရာမှာတော့ သူ့ခေါင်းပေါ်မှာ အခြားအမျိုးသားတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခေါင်းမှာ ထိပ်ကွက်နေတဲ့ အကွက်တစ်ခု ရှိနေပါတယ်ဆိုပြီး ဟာသလုပ် ဝန်ခံသွားခဲ့ပါတယ်။

" ဒီ ထိပ်ကွက်နေတဲ့ နေရာကို သူများတွေ မမြင်အောင် ဖုံးဖိရတာကိုက တော်တော်ရှုပ်တယ်ဗျာ၊ ကျွန်တော် အတော့်ကို ကြိုးကြိုးစားစားလုပ်ရတယ်ဗျာ၊ တော်တော်လည်း ပင်ပန်းပါတယ်" ဆိုပြီး ထရမ့်က ပြောကြားခဲ့ရာမှာတော့ တက်ရောက်လာသူ ပရိသတ်တွေ ပွဲကျခဲ့ရပါတယ်။

" ကြည့်ရတာတော့ အရမ်းကြီး မဆိုးဘူးလို့တော့ ထင်ပါတယ်၊ ဟေး ဟုတ်တယ်မလား၊ ကျွန်တော်တို့ ဆံပင်တွေ ဖားလျားချထားနေတာပဲလေ" ဆိုပြီး ထရမ့်က ပြောကြားသွားပါတယ်။

အမြဲလိုလို စနစ်တကျ ဖြီးသင်ထားတတ်တဲ့ သမ္မတ ထရမ့်ရဲ့ ဆံပင် ပုံစံကတော့ ယခင်ကာလတွေကတည်းက လူပြောများတဲ့ ရယ်စရာလိုမျိုး ဖြစ်နေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required