မော်ရင်ဟိုနှင့် လက်ဆွဲနှုတ်ဆက်မည်ဟုပြောရန် ကွန်တီငြင်းဆို

မော်ရင်ဟိုနှင့် လက်ဆွဲနှုတ်ဆက်မည်ဟုပြောရန် ကွန်တီငြင်းဆို

 

ဖေဖော်ဝါရီ ၂၄၊ လန်ဒန်။          ။ မော်ရင်ဟိုနှင့် ရန်ငြိုးကိုမေ့ပစ်လိုက်ပြီဟု ကွန်တီကဆိုခဲ့သော်လည်း လက်ဆွဲနှုတ်ဆက်မည်ဟုပြောဆိုရန်ကိုမူ ငြင်းဆန်သွားခဲ့သည်။

မသင့်မမြတ်ဖြစ်နေကြသည့် နည်းပြနှစ်ဦးအကြားတွေ့ဆုံမှုအဖြစ် လာမည့်တနင်္ဂနွေနေ့တွင် ချယ်လ်ဆီးအသင်းသည် ထိပ်သီးလေးသင်းဝင်ရေးတိုက်ပွဲအတွက် မန်ယူနိုက်တက်နှင့်ကစားရမည်ဖြစ်သည်။

ကွန်တီက “အတိတ်တုန်းက ကျွန်တော်တို့နှစ်ယောက်စလုံးအပြန်အလှန်ပြောခဲ့တာတွေရှိပါတယ်။ ကျွန်တော့်အတွက်တော့ အဆင်ပြေပါတယ်။ ဒီကိစ္စကိုဆက်ပြောဖို့လည်း စိတ်မဝင်စားပါဘူး။ ဒါတွေကပြီးသွားပါပြီ”ဟု ဆိုသည်။

ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်အပေါ် နှစ်ကျော့စလုံးအနိုင်ရပါက စိတ်ကျေနပ်စရာကောင်းနိုင်သည့်အပေါ်တွင်လည်း ကွန်တီက ငြင်းဆိုခဲ့ခြင်းမရှိပေ။

သို့သော်၎င်းက “ရာသီကုန်မှာ ကျွန်တော်တို့ပိုမြင့်မားတဲ့အောင်မြင်မှုတစ်ခုခုရဖို့ပဲ ကျွန်တော်စဉ်းစားထားပါတယ်။ အသင်းကြီး တစ်သင်းကိုတစ်ပွဲတည်းနိုင်ရုံနဲ့ပျော်နေတယ်ဆိုရင်တော့ ခင်ဗျားရဲ့စိတ်သဘောထားအရမ်းသေးသိမ်ရာကျတာကို ပြနေတာပါပဲ။ ဒီပွဲကအရေးပါတဲ့ပွဲတစ်ပွဲဖြစ်လို့ အနိုင်ရရင်တော့ ပျော်တာတော့ပျော်ရမှာပေါ့လေ”ဟု ပြောသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required