စစ်တွေတွင် အစိုးရရုံးများအနီး မိုင်း ၄ လုံး ပေါက်ကွဲမှုဖြစ်ပွား

စစ်တွေတွင် အစိုးရရုံးများအနီး မိုင်း ၄ လုံး ပေါက်ကွဲမှုဖြစ်ပွား
ဓာတ်ပုံ - RiA

စစ်တွေ၊ ဖေဖော်ဝါရီ ၂၄ ရက်။       ။ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင်  နေရာ ၃ ခုတွင် ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်ရက်နေ့ နံနက် ၄ နာရီဝန်းကျင် အချိန်က မိုင်း ၄ လုံးပေါက်ကွဲခဲ့ပြီး အစိုးရအုပ်ချုပ်ရေးပိုင်းများ၏ ရုံးများအနီး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မပေါက်ကွဲသေးသည့် မိုင်း ၃ လုံးကျန်ရှိနေသေးကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက အတည်ပြု ပြောကြားသည်။

“ဟုတ်ပါတယ်။ မိုင်းပေါက်ကွဲတာ မှန်ပါတယ်။ သုံနေရာ လေးလုံးပေါက်ကွဲတယ်။ မပေါက်ကွဲသေးတာ သုံးလုံး ကျန်သေးတယ်။ အခုက ဒီလောက်ပဲပြောလို့ရမယ်။ သတင်းအတိကျကို ပြောလို့မရသေးပါဘူး။”

အဆိုပါမိုင်းများမှာ ပြည်နယ်အတွင်းရေးမှူး ဦးတင်မောင်ဆွေ အိမ်အနီးတစ်လုံး၊ ခရိုင်တရားရုံးအနီးတစ်လုံး၊ ပြည်နယ် မြေစာရင်းရုံးအနီးတစ်လုံး စုစုပေါင်း ၃ နေရာတွင် မိုင်းလေးလုံး ပေါက်ကွဲခဲ့ခြင်းလည်း ဖြစ်သည်။ 

လက်ရှိမှာ မပေါက်ကွဲသေးသည့် မိုင်းသုံးလုံးကို ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ ပူးပေါင်းပြီး လမ်းများပိတ်ဆို့ ရှာဖွေနေကာ မိုင်းရှင်းလင်းရေး များပြုလုပ်နေပြီး ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပေါက်ကွဲခဲ့သည့် သတင်းအတိကျကို ထုတ်ဖော်ပြော ကြား၍ မရသေးကြောင်း ပြည်နယ်ရဲမှူးကြီးက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required