လူမျိုးတုံး သတ်ဖြတ်မှုများ ထပ်ဖြစ်မည် ကြောက်ရွံ့၍ ရာဇီဒီလူမျိုးစုများ အီရတ်တို့ မပြန်ရဲ

လူမျိုးတုံး သတ်ဖြတ်မှုများ ထပ်ဖြစ်မည် ကြောက်ရွံ့၍ ရာဇီဒီလူမျိုးစုများ အီရတ်တို့ မပြန်ရဲ

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၃ ။          ။ အိုင်အက်စ်တွေရဲ့ အဓမ္မ ခေါ်ဆောင်ခြင်း၊ သားမယားပြုကျင့်ခြင်းနဲ့ လူမဆန်စွာ ဆက်ဆံခြင်းများကို ခံစားကြုံတွေ့ခဲ့သူ ထောင်ပေါင်းများစွာသော ရာဇီဒီလူမျိုးစုများမှ တစ်ဦးဖြစ်တဲ့ ဖာရီဒါက အီရတ်မှာ ဂျီဟတ်များ စွန့်ခွာခဲ့ရပေမယ့်လည်း ပြန်ဖို့အတွက် လုံခြုံမှုကို မပေးစွမ်းနိုင်ကြောင်း ပြောပါတယ်။

“ဒီနယ်မြေမှာ ဘာမှ မပြောင်းလဲဘူး။ အနီးဝန်းကျင်မှာ အိုင်အက်စ်နဲ့ ပူးပေါင်းခဲ့တဲ့သူတွေ ရှိခဲ့တာ ဖြစ်တယ်။ ဘယ်လို ပြန်သွားနိုင်မှာလဲ။ သူတို့ကို ထပ်ပြီး ယုံရဦးမှာလား။”ဟု ဖာရီဒါက အေအက်ဖ်ပီနဲ့ အင်တာဗျူးရာမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“လူမျိုးတုံး သတ်ဖြတ်တာတွေ မဖြစ်ဘူးလို့ ဘယ်သူ အာမခံမလဲ။ အိုင်အက်စ်မဟုတ်ဘဲနဲ့ အခြားနာမည်နဲ့ ထပ်ပြီး မကျူးလွန်လာဘူးလို့ ဘယ်သူများ အာမခံမှာလဲ။”ဟုလည်း ရာဇီဒီအမျိုးသမီး ဖာရီဒါက မေးမြန်းပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်းရှိနေတဲ့ ဖာရီဒါတို့ရဲ့ ရွာကို ၂၀၁၄ သြဂုတ် ၁၃ ရက်မှာ အိုင်အက်စ်အုပ်စု ရောက်လာချိန်မှာ ဖာရီဒါဟာ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။

ဂျီနီဗာမှာ ကျင်းပတဲ့ လူအခွင့်အရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲရဲ့ ပြင်ပန်းမှာ နက်မှောင်တဲ့ ဆံပင်ရှည်နဲ့ ဝမ်းနည်းနေတဲ့ မျက်ဝန်းတစ်စုံရှိတဲ့ ငယ်ရွယ်တဲ့ အမျိုးသမီး ဖာရီဒါက ခုလို သူတို့ လူမျိုးစုတွေရဲ့ နေရပ်မပြန်ရဲအောင် ကြောက်ရွံ့မှုကို ပြောလာတာ ဖြစ်ပါတယ်။

“ကျွန်မတို့က ဘယ်သူကိုမှ ထိခိုက်အနာတရဖြစ်အောင် မလုပ်ခဲ့ဘူး။ ဘယ်သူကိုမှလည်း မတိုက်ခိုက်ခဲ့ဘူး။ အေးအေးချမ်းချမ်း နေချင်တာပါ။”ဟု ၎င်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags