တိုကျိုရှိ မြောက်ကိုရီးယားသံရုံးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူနှစ်ဦးအား ဂျပန်ရဲများ ဖမ်းဆီး

တိုကျိုရှိ မြောက်ကိုရီးယားသံရုံးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူနှစ်ဦးအား ဂျပန်ရဲများ ဖမ်းဆီး

ဖေဖော်ဝါရီ ၂၃ ။        ။ တိုကျိုမြို့ရှိ မြောက်ကိုရီးယားသံရုံးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဂျပန်အမျိုးသားနှစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရသည်။

ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သော်လည်း သံရုံး အဆောက်အအုံ ဂိတ်တံခါးတစ်ခု ပျက်စီးသွားခဲ့သည်။

ပစ်ခတ်ခံခဲ့ရသည့် အဆောက်အအုံမှာ ဂျပန်နိုင်ငံရှိ မြောက်ကိုရီးယား သံရုံးအဖြစ် ရှိနေသော အဆောက်အဦး ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ရောက်ရှိနေပြီး ပြုံယမ်းအစိုးရ လိုလားသော ကိုရီးယားများကို ကိုယ်စားပြုသည့် အဆောက်အအုံလည်း ဖြစ်သည်။

ယခု ဖြစ်စဉ်တွင် ပစ်ခတ်သူများဖြစ်ကြသည့် အသက် ၄၆ နှစ် နှင့် ၅၆ နှစ်ရှိ အမျိုးသားနှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့ရသည်။ ၎င်းတို့မှာ လက်ယာယိမ်း အစွန်းရောက်များဖြစ်ကြသည်ဟု ယုံကြည်ရသည်။

၎င်းတို့အား ယင်းနေရာတွင်ပင် ဖမ်းဆီးခဲ့ရပြီး သေနတ်တစ်လက်ကိုပါ သိမ်းဆည်းရမိခဲ့သည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်း၏ နောက်ကွယ်က အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

လက်နက်ထိန်းချုပ်မှု အားကောင်းပြီး လမ်းလုံခြုံရေး စိတ်ချရမှုတို့ဖြင့် နာမည်ကျော်သော ဂျပန်အတွက်ကတော့ ယခုကဲ့သို့ လက်နက်ကိုင်ပစ်ခတ်မှုဖြစ်စဉ်တစ်ခုကို ရှားရှားပါးပါး တွေ့ကြုံလိုက်ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required