အိုလံပစ်ပိတ်ပွဲ တက်ရောက်လာမည့် မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးအား ကွပ်မျက်ရေး တောင်ကိုရီးယားအမတ်များ တောင်းဆို

အိုလံပစ်ပိတ်ပွဲ တက်ရောက်လာမည့် မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးအား ကွပ်မျက်ရေး တောင်ကိုရီးယားအမတ်များ တောင်းဆို

ဖေဖော်ဝါရီ ၂၃ ။            ။ ပြုံချန်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ မြောက်ကိုရီးယားဘက်မှ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ခု တက်ရောက်လာမည့်အပေါ် တောင်ကိုရီးယားလွှတ်တော်အမတ်များက ဖေဖော်ဝါရီ ၂၃ ရက်တွင် ကန့်ကွက်ဆန္ဒပြလျက်ရှိသည်။

အိုလံပစ် ပိတ်ပွဲ တက်ရောက်မည့် အဖွဲ့ဝင် ရှစ်ဦးပါ မြောက်ကိုရီးယား အထူးကိုယ်စားလှယ်အဖွဲ့တစ်ခုကို ဗိုလ်ချုပ်ကြီး ကင်မ်ယုံချိုးလ်က ဦးဆောင်လာရန် ရှိနေပြီး လာမည့် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရောက်ရှိလာမည်ဖြစ်သည်။

သို့သော် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကင်မ်ယုံချိုးလ်သည် စစ်ရာဇဝတ်သားတစ်ဦး ဖြစ်ကြောင်း တောင်ကိုရီးယားအမတ်များက စွပ်စွဲပြောကြားထားသည်။ ကင်မ်သည် ၂၀၁၀ ပြည့်နှစ်တုန်းက စစ်သင်္ဘောတစ်စင်းကို နစ်မြုှပ်ပစ်ခဲ့မှုတွင် အဓိကတာဝန်ရှိသူဖြစ်သည့်အတွက် ၎င်းအား ကွပ်မျက်စီရင်ရန် တောင်းဆိုမှုများ ရှိနေသည်။

မကြာမီ ရက်ပိုင်းအတွင်း ကျင်းပမည့် အိုလံပစ် ပိတ်ပွဲအခမ်းအနား သို့ မြောက်ကိုရီးယား အထူးကိုယ်စားလှယ်အဖွဲ့ အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီး အိုင်ဗန်ကာ လည်း တက်ရောက်လာဦးမည် ဖြစ်ရာ ဆိုးလ်မြို့ တာဝန်ရှိသူများအတွက်ကတော့ ပရိုတိုကောဆိုင်ရာ ခေါင်းခဲစရာများ ကြုံလာရရန် ရှိနေသည်။

မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီး ကင်မ်သည် တောင်ကိုရီးယားအပေါ် ပစ်မှတ်ထားလုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုများအတွက် အဓိက တာဝန်ရှိသူတစ်ဦးအဖြစ် ရှုမြင်ခံထားရသူ ဖြစ်သည်။

ယင်းအတွက်ကြောင့် ယခုအခါ ၎င်း ပါဝင်လာမည့် ကိုယ်စားလှယ်အဖွဲ့ နိုင်ငံသို့လာမည့်ခရီးစဉ်ကို ဖျက်သိမ်းပေးရန် တောင်ကိုရီးယားအမတ် ၇၀ ခန့်က အိမ်ပြာတော်ရှေ့တွင် လာရောက်ကန့်ကွက်တောင်းဆိုနေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required