ပန်းလှိုင်တံတားအဆင်း ဆီသိုလှောင်ထားသည့်ခြံတွင် မီးလောင်မှု ဖြစ်ပွား

ပန်းလှိုင်တံတားအဆင်း ဆီသိုလှောင်ထားသည့်ခြံတွင် မီးလောင်မှု ဖြစ်ပွား
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွ့ဲ

 

ဖေဖော်ဝါရီ ၂၃ ။               ။ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊  မွန်းလွဲ ၁ နာရီအချိန်၊ တွံတေးမြို့နယ်၊ ပန်းလှိုင်တံတားအဆင်း၊ တွံတေး-လှိုင်သာယာလမ်း၊ ဘုရားငူကျေးရွာအနီးရှိ ဆီများသိုလှောင်ထားသည့်ခြံတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၁၁)စီး၊ ရေသယ်ယာဉ်(၁)စီးဖြင့် ရောက်ရှိမီးငြိမ်းသတ် လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပြီး Level 2 အဆင့်ဟု သိရသည်။

မွန်းလွဲ ၂ နာရီခန့်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားပြီး ပျက်စီးဆုံးရံ့ှုးမှုတန်ဖိုး အသေးစိတ်မသိရှိရသေးပေ။

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် မင်္ဂလာဒုံ မြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့တွင်လည်း မီးလောင်မှုများ ဖြစ်ပွားခဲ့သေးသည်။

ဖေဖော်ဝါရီ ၂၃ရက်၊ နံနက် ၅း၄၅ နာရီအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၁)ရပ်ကွက်၊ သစ္စာလမ်းရှိ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နံနက် ၀၉း၂၃ အချိန်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ပ/စံပြ ရပ်ကွက်၊ သြဘာလမ်း၊ စွယ်စုံကိုယ်ပိုင်အထက်တန်းကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ တပင်ရွှေထီးအိမ်ယာတွင်လည်း Level 1 အဆင့်  မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၂ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required