၂ နှစ်ကျော်အတွင်း ပထမဦးဆုံးအကြိမ် ဒရမာဇာတ်လမ်း ပြန်လည်ရိုက်ကူးတော့မည့် ဆိုဂျီဆပ်

၂ နှစ်ကျော်အတွင်း ပထမဦးဆုံးအကြိမ် ဒရမာဇာတ်လမ်း ပြန်လည်ရိုက်ကူးတော့မည့် ဆိုဂျီဆပ်

တောင်ကိုရီးယားမှ နာမည်ကျော်ဝါရင့်မင်းသားကြီး ဆိုဂျီဆပ်သည် ယခုအခါတွင် ဒရမာဇာတ်လမ်းတွဲအသစ်၌ ပါဝင်သရုပ်ဆောင်တော့မည်ဟု အတည်ပြုခဲ့သည်။

ဖေဖေါ်ဝါရီ ၂၂ ရက်နေ့တွင် ဆိုဂျီဆပ်၏အေဂျင်စီက သူတို့၏မင်းသားသည် MBC ရုပ်သံလိုင်းမှ ထုတ်လွှင့်မည့် Terius Behind Me ဆိုသော ဒရာမာဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်မည်ဟု အတည်ပြုပေးခဲ့သည်။

အေဂျင်စီ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဆိုဂျီဆပ်ဟာ MBC မှ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့တွေမှာ ထုတ်လွှင့် ပြသသွားမယ့် Terius Behind Me ဆိုတဲ့ ဒရာမာဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမှာပါ။ ရိုက်ကူးရေး အချိန်ဇယားတွေကိုတော့ မဆုံးဖြတ်ရသေးပါဘူး” ဟု ပြောခဲ့သည်။

ယင်းဇာတ်လမ်းတွဲကို To the Beautiful You နှင့် Jang Bori is Here တို့ကဲ့သို့သော လူကြိုက်များသည့် ဒရာမာဇာတ်လမ်းတွဲများ၏ ပဲ့ကိုင်ရှင်ဖြစ်သူ ဒါရိုက်တာ ပါ့ခ်ဆန်းဟွန်းက ရိုက်ကူးသွားမည်ဟု သိရသည်။

ဆိုဂျီဆပ်သည် Oh My Venus ဆိုသော ဒရာမာဇာတ်လမ်းထွက်ရှိပြီကတည်းက မည်သည့်ဒရာမာဇာတ်လမ်းမှ လက်ခံရိုက်ကူးခြင်းမရှိတော့သည်မှာ ၂ နှစ်ကျော်ခန့်ရှိနေပြီး သူသည် ရုပ်ရှင်ဇာတ်ကားများ၌သာ အာရုံစိုက် သရုပ်ဆောင်ခဲ့ကာ သူပါဝင်ထားသည့် Battleship Island ဆိုသော ရုပ်ရှင်ကို ၂၀၁၇ ဇူလိုင်လက စတင် ဖြန့်ချီ ခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သည်။

ဆိုဂျီဆပ်၏ Terius Behind Me ဆိုသော ဒရာမာဇာတ်လမ်းတွဲကို လာမည့် သြဂုတ်လ သို့မဟုတ် စက်တင်ဘာလ အစောပိုင်းတွင် ထုတ်လွှင့်ပြသသွားရန် စီစဉ်ထားသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required