လော့စ်အိန်ဂျလိစ်ရှိ လူနေတိုက်ခန်းတွဲတစ်ခု မီးအကြီးအကျယ် လောင်ကျွမ်း၊ ၁ ဦး ဒဏ်ရာရ

လော့စ်အိန်ဂျလိစ်ရှိ လူနေတိုက်ခန်းတွဲတစ်ခု မီးအကြီးအကျယ် လောင်ကျွမ်း၊ ၁ ဦး ဒဏ်ရာရ

 

ဖေဖော်ဝါရီ ၂၃ ။                       ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ကောင်တီရှိ သုံးထပ်အဆောက်အအုံ လူနေတိုက်ခန်းတွဲတစ်ခုမှာ ဖေဖော်ဝါရီ ၂၂ ရက်က မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

လော့စ်အိန်ဂျလိစ် ကောင်တီရှိ ပီကို ရစ်ဗဲရာမြို့တွင် ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ခန်းတွဲ မီးလောင်ကျွမ်းမှုကို မီးသတ်သမား ၁၀၀ ခန့် လာရောက် ငြှိမ်းသတ်ခဲ့ကြရသည်ဟု သတင်းများအရ သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ် တိုက်ခန်းတွဲ၌ နေထိုင်သူများကို ဘေးလွတ်ရာသို့ အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

ယခုအခါ မီးဘေးသင့် ပြည်သူများကို ကောင်တီရှိ အာဏာပိုင်များက လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးနေလျက်ရှိပြီး ကြက်ခြေနီအဖွဲ့ကလည်း အကူအညီများ ဖြန့်ကျက်ပေးနေလျက်ရှိသည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသူတစ်ဦး ရှိပြီး ၎င်းကို နီးစပ်ရာ ဆေးရုံသို့ တင်ပို့ပေးထားရကာ အခြေအနေမသိရသေးဟု ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြနေကြသည်။

ယခုထက်ထိ မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required