ငွေမမက်သဖြင့် အဲဗာတန်သို့ပြန်ပြောင်းလာခြင်းဟု ရွန်နီဆို

ငွေမမက်သဖြင့် အဲဗာတန်သို့ပြန်ပြောင်းလာခြင်းဟု ရွန်နီဆို

 

ဖေဖော်ဝါရီ ၂၃၊ လီဗာပူးလ် ။               ။ တရုတ်ကဲ့သို့သော အခြားနိုင်ငံမှလိဂ်သို့ပြောင်းရန်အခွင့်အရေးရှိခဲ့သော်လည်း ငွေမမက်သည့်အပြင် ဖိအားများကိုအလိုရှိသဖြင့် ငယ်ဘဝကလပ် အဲဗာတန်သို့ပြန်ပြောင်းခဲ့ခြင်းဖြစ်သည်ဟု တိုက်စစ်မှူးရွန်နီကဆိုသည်။

မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်းသည် ပြီးခဲ့သည့်နွေရာသီဈေးကွက်တွင် အဲဗာတန်အသင်းသို့ မဖော်ပြသည့်ပြောင်းရွှေ့ကြေး၊ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။

ရွေးချယ်စရာများထဲတွင် ငွေကြေးအမြောက်အများရနိုင်သည့် နိုင်ငံခြားလိဂ်သို့ပြောင်းရွှေ့မှုလည်းပါဝင်သည်ဟု ၃၂ နှစ်အရွယ် တိုက်စစ်မှူးကဆိုသည်။

“ကျွန်တော်က အဲဒီလိုလူမဟုတ်ပါဘူး။ ရည်မှန်းချက်တွေ ဖိအားတွေကိုပဲလိုအပ်တဲ့သူပါ။ တခြားလမ်းကိုရွေးချယ်ခဲ့မယ်ဆိုရင် ကစားခွင့်ရဖို့ဆုံးဖြတ်ချက်က ဆုံးရှုံးသွားနိုင်ပါတယ်”ဟု ရွန်နီက Football Focus သို့ပြောသည်။

အဲဗာတန်အသင်းဖော်ဟောင်း ကီးဘန်းနှင့်ပြောဆိုစဉ်တွင် ရွန်နီက ကစားသမားဘဝနောက်ဆုံးအချိန်ကို ငွေထုပ်ပိုက်ပြီး ကုန်ဆုံးဖို့ဆုံးဖြတ်ဖွယ်ရှိခဲ့သော်လည်း လွန်ခဲ့သည့် ၁၃ နှစ်ကထွက်ခွာခဲ့သည့် အသင်းဟောင်းသို့ပြန်လာရန်သာ ရွေးချယ်ခဲ့သည်ဟု ပြောသည်။

ရွန်နီသည် မန်ယူနိုက်တက်အတွက် ၅၅၉ ပွဲကစားပြီး ၂၅၃ ဂိုးသွင်းနိုင်ခဲ့သည်။ ၂၀၀၄ တွင် အဲဗာတန်မှပေါင် ၂၇ သန်းဖြင့် ပြောင်းလာပြီးနောက် မန်ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ် ၅ ကြိမ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် အက်ဖ်အေဖလား တစ်ကြိမ်စီရယူနိုင်ခဲ့သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required