ဂျာမန်နှင့် ဗြိတိန်နှစ်ဦး အင်ဒိုနီးရှားတွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံရ

ဂျာမန်နှင့် ဗြိတိန်နှစ်ဦး အင်ဒိုနီးရှားတွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံရ

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၂ ။            ။ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာလှည့်ခရီးသည်များ လာရောက်ရာ ဘာလီကျွန်းတွင် ဂျာမနီနှင့် ဗြိတိန်နိုင်ငံသား နှစ်ဦးတို့အား တရားမဝင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောပြီး ၎င်းတို့မှ တစ်ဦးမှာ သေဒဏ်ဖြင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိနေသည်။

အသက် ၅၉ နှစ် ဂျာမနီနိုင်ငံသားကို ကာတာမှတစ်ဆင့် ဘာလီ၏ မြို့တော် ဒန်ပါဆာလေဆိပ်သို့ ဇန်နဝါရီ ၂၆ ရက်က ရောက်ရှိလာစဉ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတွင် ဘိန်းဖြူ၊ အမ်ဖက်တမင်း၊ မော်ဖင်းနှင့် ဒိုင်ယာဇီပင်ဆေးပြားများကို ရှာဖွေတွေ့ရှိသည်။

“သူ့ရဲ့ အနက်ရောက်လက်ဆွဲသေတ္တာကို ကျွန်တော်တို့ စစ်ရာမှာ ဒီဂျာမနီနိုင်ငံသားမှာ ပလတ်စတစ်အိတ်အတွင်း ဘိန်းဖြူတွေကို တွေ့ပါတယ်။ အလေးချိန်အားဖြင့် ၆ ဒဿမ ၇၈ ဂရမ်ရှိတယ်။”ဟု ဘာလီလူဝင်မှုကြီးကြပ်ရေးဌာနမှ အကြီးတန်းတာဝန်ရှိသူ ဟူစနီက ဆိုသည်။

၎င်းအား ဖမ်းဆီးခြင်း မပြုမီ အစောပိုင်းနှစ်ရက်က ဒန်ပါဆာလေဆိပ်သို့ ဘန်ကောက်မှတစ်ဆင့်ရောက်ရှိလာသည့် ဗြိတိန်နိုင်ငံသားတစ်ဦးကိုလည်း လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့သည်။

အသက် ၄၈ နှစ် ကွန်ပြူတာပညာရှင် ဗြိတိန်နိုင်ငံသားတွင် ဆေးညွှန်းထက် ပိုသော ဒိုင်ယာဇီပင်ဆေးပြားများကို တွေ့ရှိခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအနက် ဂျာမနီနိုင်ငံသားမှာ အင်ဒိုနီးရှားနိုင်ငံ၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုထင်ရှားစီရင်ခံရပါက အနည်းဆုံး ထောင်ဒစ် ငါးနှစ်နှင့် အများဆုံး သေဒဏ် ပြစ်ဒဏ်ချမှတ်ခံရနိုင်ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly