ဘီလီလမင်းအေးရဲ့ " အရှုံးမပေးသည့်ဝိညာဉ် " အယ်လ်ဘမ် မကြာမီ ဖြန့်ချိမည်

ဘီလီလမင်းအေးရဲ့ " အရှုံးမပေးသည့်ဝိညာဉ် " အယ်လ်ဘမ် မကြာမီ ဖြန့်ချိမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ။             ။ Myanmar Idol Season 2 ရဲ့ Second Winner ဖြစ်သော ဘီလီလမင်းအေးရဲ့“ အရှုံးမပေးသည့်ဝိညာဉ်” လို့ ခေါင်းစဉ်ပေးထားတဲ့ တေးစီးရီးသီချင်းခွေကို လာမည့် မတ်လ ၃ ရက်နေ့တွင် Bo Bo Music Production မှ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။

Myanmar Idol Season 2 Second Winner ဖြစ်တဲ့ ဘီလီလမင်းအေးဟာ ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ တေးစီးရီးကိုစတင်ဖြန့်ချိမှာလည်းဖြစ်ပါတယ်။

“ အရှုံးမပေးသည့်ဝိညာဉ်” လို့ ခေါင်းစဉ်ပေးထားတဲ့ သီချင်းခွေမှာ သီချင်း ၁၄ ပုဒ် ပါဝင်မယ်လို့ ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ပြောဆိုခဲ့တာပါ။

" ပြိုင်ပွဲကနေ စိန်ခေါ်မှုတွေအများကြီးနဲ့တက်လာတဲ့သူဖြစ်တဲ့အတွက် ခေါင်းစဉ်က တေးရေးဆရာ ကိုဆောင်းဦးလှိုင် ရေးထားပေးတဲ့ “ အရှုံးမပေးတဲ့ဝိညာဉ်” ဆိုတဲ့ဟာကို တည်ပြီးရေးထားတဲ့ သီချင်း တစ်ပုဒ် ပေါ့နော်။ အရှုံးမပေးတဲ့ဝိညာဉ်ဆိုတဲ့သီချင်းကို ရွေးချယ်ဖြစ်ခဲ့တာ ဖူးရဲ့ ဘဝနဲ့လည်း အများကြီးဆိုင်ပြီး တိုက် ခိုက်ခဲ့တာတွေအများကြီး များခဲ့တဲ့အတွက် ဒီသီချင်းက ဖူးနဲ့အရမ်းကိုက်တဲ့အတွက်ကြောင့်မို့လို့ ဒီခေါင်းစဉ်လေး ရွေးဖြစ်ခဲ့တာပါ " လို့ ဘီလီလမင်းအေးက ပြောပါတယ်။

တောင်ကြီးသူ ဘီလီလမင်းအေးဟာ ပြီးခဲ့သည့်နှစ် မတ်လ ၂၅ရက်က ရန်ကုန်မြို့၊ ရွှေထွဋ်တင်ကွင်းမှာရှိတဲ့ Hexagon Complex မှာ ပြုလုပ်ခဲ့တဲ့ Grand Final ပွဲမှာ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းဇာတိဖြစ်တဲ့ သားငယ်နဲ့ သီဆိုယှဉ်ပြိုင်ပြီး Myanmar Idol Season 2 Winner အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly