ထားဝယ်စီမံကိန်းအား ငွေကြေးပံ့ပိုးရန် ထိုင်းကူးသန်းရောင်းဝယ်ရေးဘဏ် (SCB) စိတ်အားထက်သန်

ထားဝယ်စီမံကိန်းအား ငွေကြေးပံ့ပိုးရန် ထိုင်းကူးသန်းရောင်းဝယ်ရေးဘဏ် (SCB) စိတ်အားထက်သန်

ဘန်ကောက်၊ သြဂုတ် ၂၅ ။          ။ မြန်မာ၏ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တွင် အီတာလျံ-ထိုင်းဖွံ့ဖြိုးရေးကုမ္ပဏီ (ITD) ၏ ရင်းနှီးမြုပ်နှံမှု အားငွေကြေးထောက်ပံ့နိုင်ရေး အရှိန်မြင့်ဆောင်ရွက်လျက်ရှိသည်။

ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံးဘဏ်ဖြစ်သည့် SCB သည် ကြီးမားသည့် ယင်းစီမံကိန်းကြီးအတွက် ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်လာရန် စီမံလျက်ရှိသည်ဟု ဒု-ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ အားသစ် နန်သာဝီသာယက ပြောသည်။ " ထားဝယ်စီမံကိန်းက တိုးတက်မှုရှိလာပြီးတဲ့နောက် SCB က ဘဏ္ဍာရေးအရ ပါဝင်မှုကို ပြန်လည်လုပ်ဆောင်သွားမှာပါ။ ဘဏ်က စီးပွားရေးအရ အောင်မြင်ဖို့ အလား အလာရှိတဲ့ အထူးသဖြင့် ရေနဲ့ဆက်စပ်တဲ့ လျပ်စစ်စွမ်းအင်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းတွေအပြင် စက်မှုဇုန်တွေအပေါ် စူးစိုက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်"ဟု ၎င်းကပြောကြားသည်။

SCB သည် စကတည်းက ဒေါ်လာဘီလျံများစွာတန်သည့် စီမံကိန်းအတွက် ITD ၏ဘဏ္ဍာရေးအကြံပေးဖြစ်သည်။ သို့သော်လည်း စီမံကိန်းရပ်ထားပြီးနောက်ပိုင်း အာဏာပိုင်များထံမှ ပိုမိုရှင်းလင်းသည့် ညွှန်ကြားချက်ကို စောင့်နေသည်။ ITDသည် လာမည့်သုံးလမှ ခြောက်လအတွင်း ထားဝယ်စီမံကိန်းများကို ငွေကြေးပံ့ပိုးသည့်စီမံကိန်းအတွက် ဈေးပြိုင်တင်သွင်းမှုကိုစတင်မည်ဟု မစ္စတာအားသစ်က ခန့်မှန်းထားသည်။

ထားဝယ်ရှိ ITDဦးဆောင်သော ရင်းနှီးမြုပ်နှံမှုစီမံကိန်းများကို ငွေကြေးပံ့ပိုးရာတွင် ITD သည် လိုအပ်သော အရင်းအနှီး၏ ၇၀ ရာခိုင်နှုန်းကို ချေးယူရန် စီစဉ်နေသည်။

ITD နှင့် ၎င်း၏မိတ်ဖက်ပါတနာများသည် ထားဝယ်ဖွံ့ဖြိုးရေးကို နှစ်၅၀အတွက် မြန်မာအစိုးရနှင့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည်။

ဓါတ်ငွေ့သုံးလျပ်စစ်စွမ်းအားစက်ရုံအတွက် ဒေါ်လာသန်း ၅၀၀အပါအဝင် စုစုပေါင်းရင်းနှီမြုပ်နှံမှုဘတ်ဂျက် ဒေါ်လာ ၁ဒသမ၇ဘီလျံရှိမည်ဟု မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly