စက်တင်ဘာလတွင် ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမည့် သရုပ်ဆောင် ညီထွဋ်ခေါင်

စက်တင်ဘာလတွင် ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမည့် သရုပ်ဆောင် ညီထွဋ်ခေါင်

ရန်ကုန် ၊ သြဂုတ် ၂၅ ။         ။ သရုပ်ဆောင် ညီထွဋ်ခေါင်သည် ၎င်း၏ စတုတ္တမြောက် ရုပ်ရှင် ဇာတ်ကားကြီးကို  စက်တင်ဘာလ တွင်  အောင်သီရိ ရုပ်ရှင်၊ဗီဒီယို ထုတ်လုပ်ရေးဖြင့်  စတင် ရိုက်ကူး သွားမည် ဖြစ်ကြောင်း သရုပ်ဆောင် ညီထွဋ်ခေါင်က မဇ္ဈိမကို ပြောသည်။

ထိုဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးမည် ဖြစ်ပြီး "မယားကြောက်ရွာ" ဟု အမည် ပေးထားကာ သရုပ်ဆောင် ညီထွဋ်ခေါင် အပြင် လူမင်း ၊ ခန့်စည်သူ တို့လည်း ပါဝင်မည် ဖြစ်ကာ မင်းသမီး များ အနေဖြင့် စိုးမြတ်သူဇာ ၊ ခိုင်သင်းကြည် ၊ သွန်းဆက် တို့ ပါဝင် ကြမည် ဖြစ်သည်။

သရုပ်ဆောင် ညီထွဋ်ခေါင်သည် ရုပ်ရှင် ဇာတ်ကားကြီး လေးကား ရိုက်ကူး ထားပြီး လက်ရှိတွင် ၎င်း ပါဝင် သရုပ် ဆောင် ထားသည့် လူကြီးမင်းခင်ဗျာ ဆိုသည့် ရုပ်ရှင် ဇာတ်ကား တစ်ကားသာ ရုံတင်ပြသ ထားပြီး ဖြစ် သည်။ ၎င်းသည် မာယာစတိုင် ၊ အီဖေကိုတို့ရွေးကောက်ပွဲ စသည့် ရုပ်ရှင် ဇာတ်ကားကြီးများ တွင်လည်း ပါဝင် သရုပ် ဆောင် ထားသည်။  

ညီထွဋ်ခေါင်က "စက်တင်ဘာ လလယ်ပိုင်းလောက် ရိုက်မယ်လို့ တော့ ပြောတယ် ကာရိုက်တာ ပိုင်းကတော့ ကျွန်တော် လည်း သေချာ မသိရသေးဘူး။ ကျွန်တော် အနေနဲ့ ကတော့ ဒါကတော့ ရုပ်ရှင်ကားကြီး အတွက် အိုက်တင် ၊ ဒါကတော့ ဗီဒီယို ကား အတွက် အိုက်တင် ဆိုပြီး ခွဲလုပ်တာ မရှိဘူး ။ ကျွန်တော် ကတော့ အမြဲတမ်း အသစ်ပဲ လို့ ခံယူ ထားတယ်။ အမြဲတမ်း ကြိုးစား နေတယ်’ ဟု ဆိုသည်။

၎င်းသည် ၂၀၀၉ ခုနှစ်မှ စတင်ကာ အနုပညာ လောကထဲ ဝင်ရောက် ခဲ့ပြီး  ၂၀၁၀ မှ အောက်တိုဘာလမှ စတင်ကာ ဇာတ်ကားများ စတင် ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဇာတ်ကားပေါင်းနှစ် ရာကျော် ရိုက်ကူး ပြီးစီး ထားပြီ ဖြစ်သည်။

ယခင်က ဒုတိယ မင်းသား အနေဖြင့် ဇာတ်ကားများ ရိုက်ကူး ခဲ့သည့် သရုပ်ဆောင် ညီထွဋ်ခေါင်သည် အောင်သီရိ ဗီဒီယို ထုတ်လုပ်ရေး နှင့်အတူ ဗီဒီယို ဇာတ်ကား ၆ကား ရိုက်ကူး ထားပြီး ပထမဆုံးခေါင်းဆောင် မင်းသား အဖြစ် စတင် ရိုက်ကူး ထားခြင်း ဖြစ်သည်။

ယခုကဲ့သို့  အဓိက မင်းသား နေရာ ဖြင့် သရုပ်ဆောင် ရသည့် အခါတွင်မူ ပိုပြီး တာဝန်ကြီး လာသည်ဟုလည်း ၎င်းက ဆိုသည်။

ခေါင်းဆောင် မင်းသား အဖြစ် ပါဝင် ရိုက်ကူး ထားသည့် ဇာတ်ကားများထဲတွင်  ကောက်စားမယ် ဗီဒီယို ဇာတ်ကားကို စက်တင်ဘာလ တွင် စတင် ဖြန့်ချိ တော့မည် ဖြစ်ပြီး အခွေ ထွက်ရှိလာသည့် အချိန်တွင် ပရိသတ်၏ တုန့်ပြန်မှုကိုလည်း ကြားချင်ကြောင်း စိုးရိမ်မှုများလည်း ရှိကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly