ပြဇာတ်ဂီတဆိုင်ရာဘာသာရပ်နှင့် တက္ကသိုလ်မှဘွဲ့ရရှိခဲ့သည့် ပါ့ခ်ဘိုဂမ်

ပြဇာတ်ဂီတဆိုင်ရာဘာသာရပ်နှင့် တက္ကသိုလ်မှဘွဲ့ရရှိခဲ့သည့် ပါ့ခ်ဘိုဂမ်

တောင်ကိုရီးယားမှ နာမည်ကျော်မင်းသား ပါ့ခ်ဘိုဂမ်သည် ပြဇာတ်ဂီတဆိုင်ရာဘာသာရပ်ကို လေးနှစ်ခန့် တက်ရောက်သင်ယူပြီးနောက် ယခုအခါတွင် တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီဖြစ်သည်။

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ပါ့ခ်ဘိုဂမ်သည် ယောင်ဂျင်မြို့ရှိ မြောင်ဂျီတက္ကသိုလ်၌ပြုလုပ်ခဲ့သော ဘွဲ့နှင်း သဘင်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပါ့ခ်ဘိုဂမ်က “ကြွရောက်လာတဲ့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျနော့်ရဲ့ ဘွဲ့နှင်းသဘင်အတွက် အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။ ဒီလေးနှစ်တာကာလပတ်လုံးမှာ ကျနော်အများကြီး သင်ယူခဲ့ရပါတယ်။ ကျနော့်ရဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေ၊ စီနီယာတွေ၊ ဂျူနီယာတွေနဲ့ ပါမောက္ခကြီး တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” ဟု ပြုံးရယ်လျက် ပြောကြားခဲ့သည်။

ပါ့ခ်ဘိုဂမ်သည် လွန်ခဲ့သော ၂၀၁၄ ခုနှစ်ကစတင်၍ မြောင်ဂျီတက္ကသိုလ်၌ ပြဇာတ်ဂီတဆိုင်ရာ ဘာသာရပ်ကို လေ့လာခဲ့သည်။ သူသည် အနုပညာလုပ်ငန်းများ လုပ်ကိုင်နေရသော်လည်း အတန်းမှန်မှန်တက်သူတစ်ဦး အဖြစ် လူသိများသူဖြစ်ပြီး လေးနှစ်တိတိကျောင်းတက်ပြီးနောက် ယခုလို ဘွဲ့ရရှိခဲ့ခြင်းဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly