ဝေဖန်မှုများပြားနေသည့် နိုင်ငံတော်သီချင်းသီဆိုဟန်နှင့် ပတ်သက်၍ အဆိုတော်ဖာဂီ တောင်းပန်

ဝေဖန်မှုများပြားနေသည့် နိုင်ငံတော်သီချင်းသီဆိုဟန်နှင့် ပတ်သက်၍ အဆိုတော်ဖာဂီ တောင်းပန်

အမေရိကန် အဆိုတော်ဖာဂီသည် ပြီးခဲ့သော တနင်္ဂနွေနေ့က ကျင်းပခဲ့သော ဘတ်စကတ်ဘောပြိုင်ပွဲ NBA All Star ဂိမ်း၌ အမေရိကန်နိုင်ငံတော်သီချင်းသီဆို၍ ပွဲကိုဖွင့်လှစ်ခဲ့စဉ်တွင် တစ်မျိုးတစ်ဖုံဆန်းကာ ပုံစံပြောင်း၍ သီဆိုခဲ့သော သူမ၏သီ ဆိုဟန်အတွက် လူမှုမီဒီယာပေါ်၌ လူအများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အားလုံးကို တောင်းပန်ခဲ့သည်။

“နိုင်ငံတော်သီချင်းကို ကျမအနေနဲ့ အမြဲတမ်းပဲ ဂုဏ်ယူဝင့်ကြွားစွာနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ တနင်္ဂနွေနေ့ည တုန်းက NBA ပြိုင်ပွဲမှာလည်း တစ်မျိုးတစ်ဖုံဆန်းသစ်ပြီး အားလုံးအတွက် ဖျော်ဖြေဖို့ ကြိုးစားကြည့်ခဲ့ပါတယ်” ဟု သူမက TMZ သတင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

ဆက်လက်ပြီး သူမက “ကျမဟာ ကျမရဲ့အနုပညာအရည်အသွေးကို အရဲစွန့်ပြီးချပြလေ့ရှိသူတစ်ဦးပါ။ ဒါပေမယ့် ကျမရဲ့တက်ဆက်ပုံဟာ ရည်ရွယ်ထားတဲ့ ပုံစံအတိုင်းဖြစ်မလာခဲ့ပါဘူး။ ကျမ ဒီတိုင်းပြည်ကိုချစ်ပါ တယ်။ ပြီးတော့ ရိုးရိုးသားသားပြောရရင် ကျမအစွမ်းရှိသလောက် အကောင်းဆုံးကြိုးစားခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သော NBA All Star ပြိုင်ပွဲတွင် နိုင်ငံတော်သီချင်းသီဆိုဖျော်ဖြေမှုသည် ဖာဂီအတွက် ပထမဦးဆုံးအကြိမ် မဟုတ်ကြောင်း သိရသည်။

သူမသည် လွန်ခဲ့သော ၂၀၀၉ ခုနှစ် သမ္မတအိုဘားမားလက်ထက်တုန်းကလည်း အိမ်ဖြူတော်၌ပြုလုပ်ခဲ့သော အီစတာပွဲတော်၌ Star-Spangled Banner (အမေရိကန်နိုင်ငံတော်သီချင်းအမည်) သီချင်းကို သီဆိုဖျော်ဖြေခဲ့ ဖူးသည့် အတွေ့အကြုံရှိခဲ့သူဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required