မန်ယူအသင်းကို ရဲရဲရင့်ရင့် ရင်ဆိုင်ရဲရမယ်လို့ ဆီဗီလာနည်းပြ မွန်တဲလား ပြော

မန်ယူအသင်းကို ရဲရဲရင့်ရင့် ရင်ဆိုင်ရဲရမယ်လို့ ဆီဗီလာနည်းပြ မွန်တဲလား ပြော
(ဓာတ်ပုံ - အီးပီအေ)

ဆီဗီလာနည်းပြ မွန်တဲလားက ၎င်းရဲ့ကစားသမားများအနေနဲ့ ဒီတပတ် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်ယူနဲ့ ရင်ဆိုင်ရာမှာ သတ္တိရှိရှိနဲ့ ယှဉ်ပြိုင်ကစားသွားရမယ်လို့ အင်္ဂါနေ့က ပြောဆိုလိုက်ပါတယ်။

မွန်တဲလားက ဗုဒ္ဓဟူးနေ့မှာ ဆီဗီလာကွင်းမှာ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ် အကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလက အက်ဂွဲဒို ဘာရီဇိုရဲ့ နည်းပြနေရာကို အစားထိုးရောက်ရှိခဲ့တဲ့ မွန်တဲလားက သူဟာ ကလပ်အသင်းနဲ့ ပရိသတ်များနဲ့အတူ ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။

“အသင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အပြုသဘောဆောင်ပါတယ်။ ခံယူချက်နဲ့ စိတ်ဓာတ်ကို ကျနော် ကြိုက်တယ်။ အခုချိန်မှာတော့ ကျနော်တို့ဟာ နည်းစနစ်ပိုင်း တိုးတက်လာဖို့နဲ့ အရာအားလုံးထက် ဂိုးတွေ သွင်းဖို့ လိုအပ်ပါတယ်။ အနိုင်ရမှုက အလုပ်လုပ်ရာမှာ အမြဲတမ်း အကူအညီဖြစ်စေပါတယ်။ အနားယူခြင်းကလည်း ပိုကောင်းစေပါတယ်။ အခု ကျနော်တို့ ယူနိုက်တက်နဲ့ပွဲအပေါ်သာ အာရုံစိုက်ထားပါတယ်။”လို့ သူက ပြောပါတယ်။

မွန်တဲလားက ယူနိုက်တက်ရဲ့ ထက်မြက်တဲ့ တန်ပြန်တိုက်စစ်အတွက် သူ့ရဲ့အသင်းဟာ ပေါ်ထွက်လာမယ့် ဘယ်အခွင့်အရေးမဆို အသုံးချနိုင်ဖို့ ခံစစ်နဲ့ တိုက်စစ်ကြား အကူးအပြောင်းကို “ဘယ်လို ပြင်ဆင်ရမယ်”ဆိုတာ သိထားရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags