စာသင်ခန်းတွင်း၌သာ သင်ကြားသောပညာရေးစနစ်ဟာ ယခုခေတ် ကလေးများအတွက် မလုံလောက်တော့ပါ

စာသင်ခန်းတွင်း၌သာ သင်ကြားသောပညာရေးစနစ်ဟာ ယခုခေတ် ကလေးများအတွက် မလုံလောက်တော့ပါ

စာသင်ခန်းတွင်း၌သာ လေ့လာသင်ယူစေမှုက ကလေးငယ်တစ်ယောက်အတွက်လုံလောက်တယ်လို့ထင်နေကြပေမယ့် ဒါဟာတကယ်တော့ မှားယွင်းနေပါတယ်။ယခုခေတ် ကလေးငယ်တစ်ယောက်ဟာ ကျောင်းစာတစ်ခုတည်းကိုပဲ အာရုံစိုက်ထားပြီး အပြင်လောကကြီးကိုမမေ့လျော့သင့်ပါဘူး။ အဲ့ဒီလိုအာရုံစိုက်ထားတိုင်းလည်း ထူးချွန်တဲ့လူတစ်ယောက် မလွဲမသွေ ဖြစ်လာမယ်လို့ဘယ်သူမှ အာမခံချက်မပေးနိုင်တော့ပါဘူး။ အနာဂတ်တစ်ချိန်မှာရင့်ကျက်တည်ငြိမ်ပြီးဘက်စုံထူးချွန်တဲ့ လူတော်လူကောင်းတစ်ယောက်   ဖြစ်လာဖို့အတွက်   ကျောင်းသင်ခန်းစာအပြင် ပြင်ပလောကကြီးနဲ့ထိတွေ့ပေးဖို့ လိုအပ်ပါတယ်။

နံရံလေးဘက် အတွင်းမှာကျောင်းသင်ခန်းစာများကိုပဲသင်ယူမယ့် အစားလွတ်လပ်တဲ့ ပတ်ဝန်းကျင်မှာလေ့လာသင်ယူဖို့လိုအပ်ပါတယ်။ အခြားသောစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပြင်ပဗဟုသုတအကြောင်းအရာတွေ လေ့လာသင့်သလို ၊ တစ်ဦးချင်းအားကစားနည်းတွေနဲ့အဖွဲ့လိုက် အားကစားနည်းတွေကိုကစားပေးသင့်ပါတယ်။

ဤလိုအပ်ချက်အတွက် အချိန်အပိုမကုန်စေဖို့ရန် စာသင်ခန်းပြင်ပသင်ယူခြင်း (Outdoor Learning) ဆိုတဲ့ နည်းစနစ်အသစ်ကိုနိုင်ငံတကာစာသင်ကျောင်းတွေမှာအသုံးပြုလာကြပါတယ်။ “ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုတဲ့ စကားအတိုင်းသာမန်စာသင်ခန်းတွင်းသင်ကြားခြင်းအပြင် ကျောင်းသားကျောင်းသူတွေရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကိုပိုမိုလန်းဆန်းတက်ကြွစေနိုင်မယ့်

စာသင်ခန်းပြင်ပ သင်ကြားခြင်းနည်းစနစ်တွေကို ကျောင်းအများစုမှာစတင် မိတ်ဆက် အသုံးပြုလာတဲ့အခါ အမှန်တကယ်ထိရောက်မှုရှိသလိုကျောင်းသားတွေရော မိဘတွေပါ   နှစ်သက်သဘောကျကြပါတယ်။

နိုင်ငံတကာကကျောင်းဝန်းအချို့မှာကျယ်ဝန်းတဲ့ ပန်းခြံတွေ၊ စာသင်ခန်းနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ပြင်ပဧရိယာတွေ၊ အားကစားနဲ့ပတ်သက်တဲ့ facilities တွေအပြင် သက်သောင့်သက်သာ နားနေနိုင်မယ့် နေရာတွေပါ စီစဉ်ထားရှိလာကြတာကိုတွေ့ရပါတယ်။ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက သဘာဝနဲ့ ထိတွေ့ခံစားစေပြီးစူးစမ်းလေ့လာခွင့် ပြုစေခြင်းကစိတ်ဖိစီးမှုများနဲ့ စိုးရိမ်သောကများကို လျော့ကျစေနိုင်သလို စာသင်ခန်းတွင်းအာရုံစူးစိုက်နိုင်စွမ်းကိုလည်း တိုးတက်လာစေနိုင်ပါတယ်။

သက်တူရွယ်တူသူငယ်ချင်းတွေနဲ့ အတူတူအဖွဲ့လိုက်စာသင်ခန်းပြင်ပသင်ယူခြင်းကိုလုပ်ဆောင်တဲ့အခါ လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေသာမကခေါင်းဆောင်မှုစွမ်းရည်နဲ့အတူ

အခက်အခဲတွေကို အတူတူပူးပေါင်းဆောင်ရွက်ဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေပါ တိုးတက်လာစေနိုင်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရစာသင်ခန်းပြင်ပသင်ယူခြင်းနည်းစနစ်နှင့် လေ့လာခဲ့ကြတဲ့ ကလေးတွေဟာသာမန် စာသင်ခန်းတွင်းသင်ယူခဲ့ရတဲ့ ကလေးငယ်တွေထက် ရုပ်ပိုင်းဆိုင်နဲ့ စိတ်ပိုင်းဆိုင်ရာအဘက်ဘက်မှာပိုမိုသာလွန်ပြီးဖန်းတီးနိုင်စွမ်းလည်းပိုမိုကောင်းမွန်တာကိုတွေ့ရပါတယ်။

ဒါကြောင့်လည်းနိုင်ငံတကာကျောင်းသားမိဘတွေ အနေနဲ့မိမိတို့ ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေအတွက် စိတ်ချထားနိုင်ဖို့ စာသင်ခန်းပြင်ပသင်ကြားမှု ပါဝင်တဲ့   ကျောင်းတွေကိုပိုမိုရွေးချယ်လာကြတာတွေ့ရပါတယ်။

မြန်မာနိုင်ငံအတွင်းကမိဘတွေအနေနဲ့လည်းမိမိတို့ရဲ့ ကလေးငယ်တွေအတွက် စာသင်ခန်းတွင်းသင်ယူခြင်းသာမကစာသင်ခန်းပြင်ပသင်ယူခြင်းဘာသာရပ်တွေ အပြည့်အစုံသင်ကြား ပို့ချပေးနေတဲ့ နိုင်ငံတကာအသိအမှတ်ပြု ကျောင်းတစ်ကျောင်းကို ရွေးချယ်နိုင်ပြီ ဖြစ်ပါတယ်။

Dulwich College Yangon ရဲ့ Star City Campus အတွင်းမှာကျောင်းဝင်းတစ်လျှောက် စာသင်ခန်းပြင်ပလေ့လာသင်ယူမှု ဧရိယာများကိုဖန်တီးထားရှိထားပါတယ်။ စာသင်ခန်းတိုင်းကို စာသင်ခန်းပြင်ပလေ့လာသင်ယူမှု နယ်မြေတစ်ခုစီနဲ့ ချိတ်ဆက်ထားပြီးကျောင်းဝင်းရဲ့ အဆောက်အဦးတိုင်းမှာဆော့ကစားဖို့နဲ့ လေ့လာသင်ယူဖို့အတွက် ဧရိယာလေးတွေ ပြုလုပ်ပေးထားပါတယ်။

နောက်ထပ် ဝန်ဆောင်မှုတွေအနေနဲ့ အပန်းဖြေဥယျာဉ်တစ်ခုကိုသုတေသနပြုကာကျောင်းဝန်းအတွင်းတိုးချဲ့တည်ဆောက်ဖို့ရှိသလိုဝါးကဲ့သို့သောသဘာဝပစ္စည်းများအပါအဝင် အခြားသောကိရိယာပစ္စည်းများကိုအသုံးပြုကာတွယ်တက်ခြင်း(Climbilng) ၊ ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်ခြင်း (Balancing) နှင့် အခြားသောရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေကို ပြုလုပ်ဆော့ကစားနိုင်အောင် စီစဉ်လျက်ရှိပါတယ်။

Dulwich College Yangon အနေနဲ့ ရန်ကုန်မြို့တွင်းမှာ (၁၂) ဧကကျယ်ဝန်းတဲ့ ပန်းလှိုင်ကျောင်းဝန်းနဲ့ ဧက (၂၀) ကျယ်ဝန်းတဲ့ Star City ကျောင်းဝင်းဆိုပြီးကျောင်းဝန်း နှစ်ခုကိုဖွင့်လှစ်ထားပါတယ်။ Dulwichဟာ နိုင်ငံတကာမှာအစဉ်အလာကောင်းတွေရှိတဲ့ ကျောင်းတစ်ကျောင်းဖြစ်တာနဲ့အညီ

ကလေးငယ်များအတွက် စာသင်ခန်းပြင်ပ ပတ်ဝန်းကျင်ကနေဘဝအတွက် လိုအပ်တဲ့ ကောင်းကျိုးများစွာ ရရှိနိုင်ရေးအတွက် အကောင်းမွန်ဆုံးပြုစုပျိုးထောင်ပေးသွားဖို့ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly