အမေရိကန်နည်းပညာကုမ္ပဏီ NetApp က ATG Systems ကုမ္ပဏီအား မြန်မာနိုင်ငံတွင် ပထဆုံး Gold Partner အဖြစ် ခန့်အပ်

အမေရိကန်နည်းပညာကုမ္ပဏီ NetApp က ATG Systems ကုမ္ပဏီအား မြန်မာနိုင်ငံတွင် ပထဆုံး Gold Partner အဖြစ် ခန့်အပ်

မြန်မာနိုင်ငံတွင် ပထဆုံး Gold Partner အဖြစ် ATG Systems ကုမ္ပဏီအား ခန့်အပ်ပြီး ပြည်တွင်းဈေးကွက် ချဲ့ထွင်နိုင်ရန် ရည်မှန်းထားကြောင်း အမေရိကန်နည်းပညာကုမ္ပဏီဖြစ်သည့် NetApp ၏ အာဆီယံဒေသတွင်း အုပ်ချုပ်မှု ဒါရိုက်တာ Mr. Weera Areeratanasak က ဆိုသည်။

Hybrid Cloud အတွက် Data Authority ဖြစ်သော NetApp သည် Storage နှင့် Data စီမံခန့်ခွဲမှုအ တွက် ဝန်ဆောင်မှုပေးနေသည့် နိုင်ငံတကာ ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး   မြန်မာနိုင်ငံအနေဖြင့် ICT ကဏ္ဍတွင် အလျင်အမြန် တိုးတက်မှုများကြောင့် ဈေးကွက်အလားအလာကောင်းများ ရှိနေကြောင်း NetApp က ခန့်မှန်းထားသည်ဟု ဖေဖော်ဝါရီလ ၂၀ ရက် ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် မီဒီယာများအား ယင်းက ပြောကြားခဲ့သည်။

" မြန်မာပြည်ဈေးကွက်ဟာ ဒီအချိန်မှာအချိန်ကောင်းဖြစ်နေပြီလို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော့်မြင် တာက မြန်မာပြည်ရဲ့ ICT ကဏ္ဍ နည်းပညာအပြောင်းအလဲဟာ သိပ်ကို မြန်ဆန်နေတယ် ဆိုတာပါ။ ဥပမာ အနေနဲ့ မိုဘိုင်းဆက်သွယ်ရေးကိုပဲကြည့်ရင် ထိုင်းနိုင်ငံမှာဆိုရင် မိုဘိုင်းဆက်သွယ်ရေးစနစ်က လွန်ခဲ့တဲ့ ၁၅ နှစ် - နှစ် ၂၀ ထဲမှာ 2G စနစ်နဲ့ စတင်ခဲ့ပြီး4G စနစ်ကိုကူးပြောင်းဖို့ ၁၀နှစ်- ၁၅ နှစ်လောက် ကြာခဲ့ပါတယ်။ တစ် ချိန်တည်းမှာပဲမြန်မာပြည်မှာလည်း 4G စနစ်ကိုအသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် မြန်မာပြည်ရဲ့ ICT ဈေးကွက်ထဲမှာနည်းပညာ မှီငြမ်းကူးပြောင်းနိုင်မှု မြန်ဆန်တာကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် သတင်းအချက်အလက်သိုလှောင်ဖို့အတွက် Cloud နည်းပညာမရှိခဲ့ပေမယ့် အခုဆိုဒါကို ကျွန်တော်တို့ ရရှိနေပြီ ဖြစ်ပါတယ်။ဒါကြောင့် မြန်မာပြည်ဟာဒီကနေအကျိုးအမြတ်တွေခံစားဖို့ အဆင်သင့်ဖြစ်နေပါပြီ" ဟု Mr. Weera Areeratanasak က ဆိုသည်။

ယင်းအတွက် ကုမ္ပဏီ၏ မိတ်ဆက်ရွေးချယ်ရေးစည်းမျဉ်းများဖြစ်သည့် ဈေးကွက်ရှာဖွေနိုင်မှု၊ နည်း ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ဝန်ဆောင်မှုများအပြင်နှင့် သတ်မှတ်ထားသည့် အသိအမှတ်ပြုလက်မှတ်များ ရရှိထားသည့် ATG Systems အား  Gold Partner အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။

ATG Systems သည် မြန်မာနိုင်ငံတွင် Information Technology (IT) Systems Integrator နှင့် Solution Provider လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း NetApp ၏ မြန်မာနိုင်ငံတွင် ရောင်း အားကို ၃ ဆနီးပါး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ATG Systems ၏ အမှုဆောင်ဒါရိုက်တာ ဦးဇော်မြင့်ဦးက " စီးပွားရေးလုပ်ငန်းတွေဟာ Brick and mortor (မိရိုးဖလာ) နေလို့မရတော့ဘဲနဲ့ transformation (အသွင်ကူးပြောင်းခြင်း) ကိုလုပ်ကိုလုပ်ရပါတယ်။ အဲလိုလုပ်တဲ့အတွက် လိုအပ်ချက်တွေကအရမ်းကိုများလာတာကြောင့် ကျွန်တော်တို့က  သူတို့ကိုတောက် လျှောက် ထောက်ပံ့ပေးနေရတဲ့ အနေအထားရှိပါတယ်။ ဈေးကွက်ကလည်း တော်တော်ကိုအရွယ်အစားကြီး လာပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ Banking sector က နံပတ်တစ်လိုရှိပါတယ်။ အခုနောက်ပိုင်းမှာဘာတွေဖြစ် လာသလဲဆိုတော့ Retail change (လက်လီလုပ်ငန်း) တွေ အများကြီးလုပ်လာတယ်။ အဲဒီ Retail change (လက်လီလုပ်ငန်း) တွေမှာ Data တွေကအရေးကြီးလာတယ်" ဟုဆိုသည်။

လက်ရှိ ATG system သည်  ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးကဏ္ဍ၊ Telecommunications  နယ်ပယ်အတွင်းရှိ လုပ်ငန်းကြီးများအပြင် အစိုးရပိုင်းနှင့် အစိုးရမဟုတ်သော ဌာန ဆိုင်ရာ အဖွဲ့အစည်းများအား ဝန်ဆောင်မှုပေးလျက်ရှိပြီး NetApp ၏ နည်းပညာအကူအညီကိုရယူပြီး နိုင်ငံအတွင်း ကဏ္ဍအစုံဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကိုအရှိန်မြှင့်တင်ဖို့အတွက် လုပ်ငန်းကဏ္ဍအသီးသီး မှာရှိတဲ့ အပလီကေးရှင်းများနှင့် သတင်းအချက်အလက်များအား လွယ်ကူရိုးရှင်းအောင် စီမံကွပ်ကဲနိုင်ရန် hybrid cloud ဒေတာဝန်ဆောင်မှုတွေကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဓိကဈေးကွက်အနေဖြင့် ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းတွေ၏ သတင်း အချက်အလက်သိုလှောင်ခြင်းနှင့် လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲခြင်းအပြင် မြန်မာနိုင်ငံအစိုးရက အကောင်အထည် ဖော်နေသည့် E-government စနစ် တိုးတက်ရေးကို ဝန်ဆောင်မှုပေး သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags