မြန်မာနိုင်ငံစျေးကွက်တွင် CAMON CM နှင့် SPAKR CM စမတ်ဖုန်းများကို မကြာမီမိတ်ဆက်ပေးတော့မယ့် TECNO Mobile

မြန်မာနိုင်ငံစျေးကွက်တွင် CAMON CM နှင့် SPAKR CM စမတ်ဖုန်းများကို မကြာမီမိတ်ဆက်ပေးတော့မယ့် TECNO Mobile

(Selfie တစ်ခေတ်ပြောင်းစေမယ့် ကင်မရာလုပ်ဆောင်ချက်များပါဝင်နေ)

ရန်ကုန်၊ မြန်မာ၊ ဖေဖော်ဝါရီ ၂၀။              ။  ၂၀၁၈ - နည်းပညာမြင့်စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချပြီး ဈေးကွက်ကို ဦးဆောင်နေတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်TECNO Mobile အနေဖြင့် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ စတင် ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။TECNO Mobile မှ လတ်တလောထုတ်လုပ်ထားသည့်အရည်သွေးမြင့် စမတ်ဖုန်းများအနက် CAMON CM နှင့် TECNO SPARK CM တို့ကို ယခုလအတွင်း မြန်မာဈေးကွက်မှာ မိတ်ဆက်ပေးသွားဖို့ ရှိနေပါတယ်။

TECNO Mobile ဟာSelfie ရိုက်ကူးမှုကို စွဲလန်းနှစ်သက်တဲ့ သက်ငယ်ပိုင်းနှင့် သက်လတ်ပိုင်းအရွယ် မိုဘိုင်းဖုန်းသုံးစွဲသူများကို စွဲဆောင်စေနိုင်သည့် အဆင့်မြင့်ကင်မရာနည်းပညာများနှင့် လုပ်ဆောင်ချက်များ ပါဝင်တဲ့ စမတ်ဖုန်းများကိုထုတ်လုပ်ရောင်းချနေမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် လျင်မြန်စွာနဲ့ ကောင်းသတင်းဂုဏ် ကျော်ကြားလာတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်ပါတယ်။

TECNO CAMON CM ၏ အရှေ့ကင်မရာတွင် Selfieရိုက်ကူးရာတွင် ကြည်လင်ပြတ်သားပြီးအလင်းပေးမှု ကောင်းမွန်စေရန် LED Flash ကိုတပ်ဆင်ပေးထားလို့ Selfie ဓာတ်ပုံများရဲ့ အရည်အသွေးကို တိုးတက်စေပါတယ်။ ဒါ့ကြောင့်လည်း CAMON CM ရဲ့ Flash တပ်ဆင်ထားတဲ့ 13MP ပုံထွက်နှုန်းရှိတဲ့ ရှေ့ဖက်ကင်မရာဟာ 8MPပုံထွက်နှုန်းရှိတဲ့ ရှေ့ကင်မရာတပ်ဆင်ထားသည့် အခြားမိုဘိုင်းဖုန်းတွေထက် အရည်သွေးပိုကောင်းတဲ့ Selfiesတွေကို ရိုက်ကူးရယူပေးနိုင်ပါတယ်။

TECNO Mobileဟာ အရည်အသွေးမြင့်စမတ်ဖုန်းများကို အဆင့်မြင့် နည်းပညာများနဲ့ ပေါင်းစပ်ပြီး သုံးစွဲသူများအံ့အားသင့်စေနိုင်တဲ့အထိ ထုတ်လုပ်ရောင်းချလျက် ရှိနေပါတယ်။ TECNO Mobileဟာ သုံးစွဲသူများရဲ့ လူနေမှုပုံစံများကို မြှင့်တင်ပေးနိုင်သည့် နည်းပညာများကို ဈေးနှုန်းသက်သာစွာနဲ့   ရောင်းချပေးလျက်ရှိပြီး နိုင်ငံတကာမှာအောင်မြင်မှှုတွေ လျင်မြန်စွာ ရရှိနေပြီး ကောင်းသတင်းဂုဏ်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားသည့် အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း မကြာမီ မိတ်ဆက်ပြသပြီးဈေးကွက်ထဲရောက်ရှိလာတော့မယ် TECNO Mobile ရဲ့ စမတ်ဖုန်းသစ်များဖြစ်တဲ့ CAMON CM နှင့် TECNO SPARK CM တို့ဟာ နောက်ဆုံးပေါ် စွမ်းရည်မြင့် အလန်းစားကင်မရာများကို အထူးသက်သာသောဈေးနှုန်းနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ အကောင်းဆုံးကင်မရာစမတ်ဖုန်းအဖြစ် သတ်မှတ်မယ်ဆိုရင်လည်း မမှားပါဘူး။ ဒါတွေတင် မကသေးပါဘူး။ TECNO Mobile အနေနဲ့ ပုံမှန် ပေးအပ်နေကျ (၁) နှစ် အာမခံအပြင် အလွန်ထူးခြားတဲ့ ရက် (၁၀၀) အတွင်း လဲလှယ်ခွင့် အာမခံကိုလည်း ပေးအပ်ထားပါသေးတယ်။

--------------------------------------------------------------------------------------------------------------------

TECNO Mobile အကြောင်း

TECNO Mobile အား ၂၀၀၆ ခုနှစ်တွင် ဟောင်ကောင်အခြေစိုက် မိခင်ကုမ္ပဏီTranssion မှ စတင်တည်ထောင်ခဲ့သည်။

TECNO Mobile ဆိုတာကတော့ ဟောင်ကောင်ခြေစိုက် Transsion Holdings ၏ ပရီမီယမ်မိုဘိုင်းဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ၂၀၀၆ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အာဖရိကဈေးကွက်တွင်းမှာ Dual-SIM ဟန်းဆက်များကိုပထမဆုံးထုတ်လုပ်ရောင်းချ ပေးခဲ့တဲ့ Brand တစ်ခု ဖြစ်သည်။။

TECNO Mobile ဟာ ၎င်းတို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Think Globally, Act Locally”ဆိုသည့်အတိုင်းဈေးကွက်နဲ့အလိုက် ကိုက်ညီမှုရှိအောင် ဖန်တီးထုတ်လုပ်ထားတဲ့ နည်းပညာမြင့် စမတ်ဖုန်းများကို ထုတ်လုပ်ခဲ့သည်။ လက်ရှိအချိန်တွင် TECNO ဟာ၎င်းတို့ရဲ့ထုတ်ကုန်တွေကိုနိုင်ငံပေါင်း (၄၀)ကျော်မှာဖြန့်ဖြူးရောင်းချလျက် ရှိနေသည်။ Smartphones ၊ Tablets နှင့်အထူးထုတ် Feature Phones စတဲ့ထုတ်ကုန်တွေကိုလည်းချိုသာတဲ့ဈေးနှုုန်းတွေနဲ့ ရောင်းချပေးလျက် ရှိနေသည်။

"Experience More" ဆိုတဲ့ TECNO အမှတ်တံဆိပ်ရဲ့ အနှစ်သာရ အတိုင်းအရည်အသွေးကောင်းမွန်တဲ့ပစ္စည်းများကို ထုတ်လုပ်ရောင်းချပေးခြင်းဖြင့် သုံးစွဲသူတွေရဲ့ အဆင်ပြေသက်သာတဲ့ လူနေမှုဘဝကိုဖြည့်ဆည်းပေးတာဟာ TECNO ရဲ့ရည်မှန်းချက်တစ်ခုပင် ဖြစ်သည်။ဒါကြောင့်လည်းTECNO ဟာ (၂၀၁၄) ခုနှစ်မှာလန်ဒန်မြို့၌ International Quality Crown Award ၏Gold Category အဖြစ်ရွေးချယ်ဆုချီးမြှင့်ခြင်းခံခဲ့ရသည်။

TECNO ဟာ (၂၀၁၀) ခုနှစ်ဟာ (၂၀၁၆) ခုနှစ်အတွင်းထုတ်ကုန် (၁၀၀) မီလီယံအထိအရှိန်အဟုန်ဖြင့်ရောင်းချနိုင်ခဲ့ပြီးကမ္ဘာ့အဆင့်ကို လျှင်မြန်စွာရောက်ရှိလာတဲ့ အမှတ်တံဆိပ် တစ်ခုဖြစ်ခဲ့သည်။ လက်ရှိအချိန်၌လည်း အာဖရိကဈေးကွက်ရဲ့ရောင်းအားအကောင်းဆုံး မိုဘိုင်းဖုန်းအမှတ်တံဆိပ် (၃) ခုထဲတစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း၌ နာမည်ကောင်းရနေတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။

TECNO Mobile ဟာမိခင်ကုမ္ပဏီTranssion ၏ ကုန်ထုတ်လုပ်မှု၊ သုသေတန ပြုလုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးမှု၊ အကောင်းဆုံးဝန်ဆောင်မှု စတဲ့ အားသာချက်များနဲ့ အပြည့်အဝထောက်ပံ့မှုကို ရရှိထားသည်။ Transsionအနေဖြင့် ကမ္ဘာတစ်ဝန်းထုတ်လုပ်မှု စက်ရုံပေါင်း (၅) ခုရှိပြီးတစ်ရက်လျှင် ဟန်းဆက်အလုံးရေ (၃) သိန်းအထိထုတ်လုပ်နိုင်စွမ်းရှိသည်။ Transsion ၏ သုသေတနနှင့် နည်းပညာဖွံ့ဖြိုးမှုဌာနများကိုရှန်ဟိုင်း၊ လာဂို့စ် (နိုင်ဂျီးရီးယား)၊ နိုင်ရိုဘီ (ကင်ညာ) တို့တွင် ဖွင့်လှစ်ထားရှိပြီးပညာရှင်ပေါင်း ၈၀၀ ကျော် တာဝန်ထမ်းဆောင်လျက် ရှိနေပါသည်။ TECNO Mobile မှ ထုတ်လုပ်သည့် စမတ်ဖုန်းများရဲ့ ထူးခြားတဲ့ ဒီဇိုင်းပုံစံများကိုတော့ ပြင်သစ်နိုင်ငံတွင် အခြေစိုက်သည့် ဒီဇိုင်းအဖွဲ့မှ တာဝန်ယူထားပါသည်။ ထို့အပြင် Transsion ၏ After-Sale ဝန်ဆောင်မှုအတွက် လက်ခွဲအဖွဲ့အစည်းဖြစ်သည့် CarlCare မှ တာဝန်ယူထားပြီး TECNO ထုတ်ကုန်ပစ္စည်းသုံးစွဲသူများအတွက် Service Point ၁၀၀၀ ကျော်ကိုအပိုပစ္စည်းနှင့် ပြင်ဆင်မှုဆိုင်ရာစက်ရုံ (၄) ရုံ၏ အကူအညီဖြင့် ပြိုင်စံရှားသည့် ဝန်ဆောင်မှုများကိုပေးအပ်လျက် ရှိနေပါသည်။

--------------------------------------------------------------------------------------------------------------------

အသေးစိတ်အချက် အလက်များသိရှိလိုပါက -

Website: http://www.tecno-mobile.com

Facebook: https://web.facebook.com/TECNOMobileMyanmar/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly