အလားအလာအကောင်းဆုံး လူငယ်ကစားသမားအဖြစ် ဒွန်နာရမ်မာ သတ်မှတ်ခံရ

အလားအလာအကောင်းဆုံး လူငယ်ကစားသမားအဖြစ် ဒွန်နာရမ်မာ သတ်မှတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ မီလန်။           ။ အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာသည် နှစ်နှစ်အတွင်းပြသခဲ့သည့်လက်စွမ်းကြောင့် ဥရောပ၏အလားအလာအကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံရသည်။

CIES ဘောလုံးအချက်အလက်လေ့လာရေးအဖွဲ့ကထုတ်ပြန်ခဲ့သည့် အသက် ၂၀ အောက် အလားအလာအရှိဆုံးကစားသမား စာရင်းတွင် ဒွန်နာရမ်မာက တူးလော့စ်ဂိုးသမား လာဖွန့်နှင့် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘက်ပေးတို့ကို ကျော်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

နှစ်နှစ်အတွင်း သက်ဆိုင်ရာပြည်တွင်းလိဂ်နှင့် ဥရောပတွင်အမြင့်ဆုံးပြသနိုင်ခဲ့သည့်စွမ်းရည်အပေါ်မူတည်ပြီး CIES က ကြယ်ပွင့်အဆင့်သတ်မှတ်ချက်ဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိပ်ဆုံးတွင် ဒွန်နာရမ်မာ၊ လာဖွန့်နှင့် အမ်ဘက်ပေးတို့ရှိနေပြီး ၎င်းတို့၏နောက်တွင် ဒေါ့မွန်အသင်းမှအသက် ၁၉ နှစ်အရွယ် အမေရိကန်တောင်ပံကစားသမား ပူလီဆစ်ရှိနေသည်။

အဲဗာတန်ကွင်းလယ်လူ တွမ်ဒေးဗီးစ်က အင်္ဂလိပ်ကစားသမားများထဲမှ အမြင့်ဆုံးအဖြစ် အဆင့် ၇ နေရာတွင်ရှိနေပြီး ချန်ပီယံရှစ်ကလပ်ဖူဟမ်မှ ရွိုင်ယန်ဆက်ဆဂ်နွန်က အဆင့် ၁၀ နေရာတွင်ရှိနေသည်။

အဆင့် ၁၀ အတွင်းဝင်သည့် လူငယ်များ

၁။ ဒွန်နာရမ်မာ (အေစီမီလန်)

၂။ လာဖွန့် (တူးလော့စ်)

၃။ အမ်ဘက်ပေး (ပီအက်စ်ဂျီ)

၄။ ပူလီဆစ် (ဒေါ့မွန်)

၅။ မာလန်ဆား (နိုက်စ်)

၆။ အပ်ပါမီကာနို (လိုက်ဇစ်)

၇။ တွမ်ဒေးဗီးစ် (အဲဗာတန်)

၈။ ဒီလစ် (အိုင်းယက်စ်)

၉။ ဟာဗာ့ဇ် (လေဗာကူဆင်)

၁၀။ ဆက်ဆဂ်နွန် (ဖူဟမ်)

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly