လီမာ၊ ပီရူး၊ ဖေဖေါ်ဝါရီ ၂၀ ။ ။ ပီရူးသမ္မတဟောင်း အယ်လ်ဘာတိုဖူဂျီမိုရီသည် သူကျူးလွန်ခဲ့သောအခြားအမှုများအတွက် လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိထားသော်လည်း လွန်ခဲ့သော ၁၉၉၂ခုနှစ်က လယ်သမား ၆ ဦးသတ်ဖြတ်ခံရမှုတွင် တာဝန်ရှိသူဖြစ်ခဲ့ သည့်အတွက် ယင်းအမှုကို ကင်းလွတ်ခွင့်ပေးဖို့ ပီရူးတရားရုံးကငြင်းဆန်ပယ်ချခဲ့ပြီး တရားရင်ဆိုင်ရန် တနင်္လာနေ့က အမိန့်ချမှတ်ခဲ့သည်။
ပီရူးအမျိုးသားရာဇဝတ်မှုခုံရုံးက ဖူဂျီမိုရီသည် သူကျူးလွန်ခဲ့သောပြစ်မှုများအတွက် ထောင်တွင်း၌ ၂၅နှစ်ခန့် ပေးဆပ်ခဲ့ပြီးပြီဖြစ်သောကြောင့် လူသားချင်းစာနာထောက်ထားမှုအရ သူ့အားလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော် လည်း ယခုလို လူအများအပြားအား သတ်ဖြတ်ခဲ့မှုအတွက်ကိုမူ ကင်းလွတ်ခွင့်ပေးမည်မဟုတ်ဟု ပြောခဲ့သည်။
အစိုးရရှေ့နေများက သမ္မတဟောင်းဖူဂျီမိုရီနှင့် အခြားလူပေါင်း ၂၂ ဦးကို လယ်သမားများအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့်ပက်သက်၍ မေးခွန်းထုတ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။
လွန်ခဲ့သောဒီဇင်ဘာလ ၂၄ ရက်နေ့က လက်ရှိပီရူးသမ္မတ ပီဒရိုပတ်ဘလိုကူဇင်စကီးသည် အသက် ၇၉ နှစ် အရွယ်ရှိ ဖူဂျီမိုရီကို သူ၏ကျန်းမာရေးအခြေအနေကြောင့် လူသားချင်းစာနာထောက်ထားမှုအရ လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့သည်။
ဖူဂျီမိုရီသည် ပီရူးနိုင်ငံအား သူသမ္မတအဖြစ်အုပ်ချုပ်ခဲ့စဉ်ကာလက သူ၏အစိုးရစစ်တပ်နှင့် တိုက်ခိုက်နေသည့် လက်ဝဲယိမ်းပြောက်ကျားသူပုန်များကို ထောက်ခံအားပေးသည်ဟု သံသယရှိရသည့်ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့မှုအပါအဝင် အခြားသောရာဇဝတ်မှုများအတွက် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရသူဖြစ် သည်။
သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့်အတွက် ပီရူးနိုင်ငံအတွင်းရှိလမ်းများပေါ်၌ ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ ပြီး ပီရူးပြည်သူများက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့များကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။