အမေရိကန်-ထိုင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း မြွေဟောက်သွေးသောက်ပြသွားကြတဲ့ မရိန်းတပ်သားများ

အမေရိကန်-ထိုင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း မြွေဟောက်သွေးသောက်ပြသွားကြတဲ့ မရိန်းတပ်သားများ

ဖေဖော်ဝါရီ ၁၉ ။          ။ အမေရိကန်နဲ့ ထိုင်းတို့အကြား ပူးတွဲပြုလုပ်တဲ့ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုအတွင်း နှစ်နိုင်ငံ မရိန်းတပ်ဖွဲ့ဝင်တွေဟာ မြွေသွေးသောက်ပြတာ၊ ကင်းမြီးကောက် စားပြတာတွေကို လက်တွေ့လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါဟာ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ခုအတွင်း တောတွင်း အသက်ရှင်လွတ်မြောက်ရေး ပရိုဂရမ်တစ်ခုအနေနဲ့ ထည့်သွင်းလုပ်ဆောင်ကြတာဖြစ်ပါတယ်။

အဆိုပါ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကတော့ အာရှဒေသမှာ ပြုလုပ်နေကျဖြစ်တဲ့ အကြီးဆုံးသော စစ်ရေးလေ့ကျင့်မှုကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ယင်းလေ့ကျင့်မှုမှာတော့ အမေရိကန်၊ ထိုင်းနဲ့အခြားနိုင်ငံတွေက တပ်ဖွဲ့ဝင်ပေါင်း ထောင်နဲ့ချီ ပါဝင်ဆောင်ရွက်ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်မှာတော့ စစ်ရေးလေ့ကျင့်မှု တောတွင်း အသက်ရှင်လွတ်မြောက်အောင် ကျင့်ကြံနေထိုင်နိုင်မှု အစီအစဉ်မှာ ယခုလို လေ့ကျင့်မှုတွေကို ထည့်သွင်းလုပ်ဆောင်ကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly