ကယ်လ်စီယမ်သည် ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် အရေးကြီးတာလဲ

ကယ်လ်စီယမ်သည် ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် အရေးကြီးတာလဲ

ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ကယ်လ်စီယမ်သည် လူအပါအဝင် သက်ရှိသတ္တဝါများအတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓါတ်တစ်မျိုးဖြစ်သည်။ အရိုးများကြံ့ခိုင်သန်စွမ်းစေရန်၊ ဦးနှောက် နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကြား ကျန်းမာသော ဆက်သွယ်မှုကို တည်ဆောက်ထိန်းသိမ်းရန် ကယ်လ်စီယမ်စားသုံးဖို့ လိုအပ်သည်။

ကယ်လ်စီယမ်  ဘာကြောင့် အရေးကြီးသလဲ။

သင်ကိုယ်ဝန်ဆောင်စဉ် သင်တစ်ဦးတည်းအတွက် ကယ်လ်စီယမ်ကို စားသုံးနေသည်မဟုတ်ပါ။ သင့်ရင်သွေးအောက်ပါ အချက်များ ဖွံ့ဖြိုးဖို့ ကယ်လ်စီယမ်ကို လိုအပ်ခြင်းဖြစ်သည်။

  •     ကြံ့ခိုင်သန်မာသော အရိုးနှင့် သွားများတည်ဆောက်ရန်
  •     နှလုံး၊ အာရုံကြော နှင့် ကြွက်သားများ ကျန်းမာစွာ ကြီးထွားရန်
  •     နှလုံးစည်းချက်နှင့် သွေးခဲနိုင်စွမ်း ပုံမှန်အတိုင်းဖွံ့ဖြိုးရန်။

အကယ်၍ သင်ကိုယ်ဝန်ဆောင်စဉ် အစားအသောက်ထဲမှ ကယ်လ်စီယမ် အလုံအလောက်မရရှိလျှင် သင့်ကလေးသည် သင့်အရိုးများမှ ကယ်လ်စီယမ်ကို ဆွဲယူသုံးစွဲရလိမ့်မည်။ ၎င်းသည် နောက်ပိုင်းသင့်ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။

ကယ်လ်စီယမ်ကို ဘယ်အချိန် သောက်သုံးသင့်သလဲ။

အမျိုးသမီးအများစုသည် ထိုအရေးကြီးသော သတ္ထုဓါတ်ကို အလုံအလောက်မရရှိကြပေ။

အသက် ၁၈ နှစ်အထက် အမျိုးသမီးများ ။   ။ ကိုယ်ဝန်မဆောင်ခင်၊ ရှိစဉ်၊ မွေးပြီး တစ်ရက်ကို ၁,၀၀၀ မီလီဂရမ်။

အသက် ၁၈ နှစ် နှင့် အောက် အမျိုးသမီးများ ။   ။ ကယ်လ်စီယမ်ကြွယ်ဝသော အစားအသောက်များ (သို့) နို့ထွက်ကုန်များ တစ်ရက်ကို လေးကြိမ်စားသုံးရန်။

သင့်ကလေး မွေးဖွားပြီးချိန်နှင့် မိခင်နို့ဖြတ်ပြီးချိန်မှာတောင် သင့်ကယ်လ်စီယမ် စားသုံးမှုကို ဆက်လက် ဂရုစိုက်သင့်သည်။အဘယ်ကြောင့်ဆိုသော် သင့်ဘဝနောက်ပိုင်းတွင် အရိုးများ ကျန်းမာသန်စွမ်းပြီး အရိုးပွရောဂါကို ကာကွယ်ရန် ကယ်လ်စီယမ်ကို လိုအပ်သောကြောင့်ဖြစ်သည်။

အကယ်၍ သင်သည် ကိုယ်ဝန်ဆောင် အားဆေး သောက်သုံးနေလျှင် ၎င်းသည် ကယ်လ်စီယမ် အနည်းဆုံး ၁၅၀ မှ ၂၀၀ မီလီဂရမ်ကို ထောက်ပံ့ပေးနိုင်ပါသည်။ သင်သည် ကယ်လ်စီယမ်သက်သက် အားဆေးကိုလည်း သောက်သုံးနိုင်ပါသည်။ သို့သော် သင့်ခန္ဓာကိုယ်သည် တစ်ကြိမ်တွင် ကယ်လ်စီယမ်ပမာဏ ၅၀၀ မီလီဂရမ်ကိုသာ စုပ်ယူနိုင်စွမ်းရှိပါသည်။ ထို့ကြောင့် သင်သည် တစ်ရက်ကို ကယ်လ်စီယမ် ဖြည့်စွက်အားဆေး ပမာဏအနည်းငယ်ကို အကြိမ်များစွာသောက်ဖို့ လိုအပ်ကောင်းလိုအပ်နိုင်သည်။

သို့သော် အလွန်အကျွံတော့ မလုပ်ပါနဲ့။ ကယ်လ်စီယမ်ပမာဏ အများအပြားသောက်သုံးခြင်းသည် ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပြီး ကျောက်ကပ်ကျောက်တည်ခြင်း ဖြစ်ပွားနိုင်ချေ အန္တရာယ်တိုးပွားစေသည်။ ထို့ပြင် သင့်ခန္ဓာကိုယ်မှ အစားအသောက်တွင် ပါသော သံဓါတ်နှင် ဇင့် စုပ်ယူမှုအားနည်းစေသည်။

အစားအသောက်၊ အားဆေး နှင့် ရေမှ စုစုပေါင်း ရရှိသော ကယ်လ်စီယမ် ပမာဏသည် ၂၅၀၀ မီလီဂရမ်ထက်မကျော်ရပါ။ (ရေဘုံဘိုင်ခေါင်းမှ ရေတွင် ပုံမှန်အားဖြင့် ရေတစ်လီတာတွင် ကယ်လ်စီယမ် ပမာဏ ၁ မှ ၁၃၅ မီလီဂရမ်ကြားပါရှိသည်။ သောက်ရေဘူး တစ်လီတာတွင် ပျမ်းမျှ ကယ်လ်စီယမ်၂၀၈ မီလီဂရမ် ကယ်လ်စီပါရှိသည်။ ရေသန့်ဘူးများတွင် ကယ်လ်စီယမ် ပမာဏအနည်းငယ်မျှသာ ပါဝင်သည်။)

ကယ်လ်စီယမ်ဖြည့်စွက်စာများသည် ပုံစံမျိုးစံနှင့် လာပြီး အများဆုံးလာသည်မှာ Calcium citrate နှင့် calcium carbonate တို့ဖြစ်သည်။ Calcium citrate သည် ခန္ဓာကိုယ်မှ အလွယ်ကူဆုံးစုပ်ယူသော ပုံစံဖြစ်သည်။

Calcium carbonate သည် အများဆုံး ကယ်လ်စီယမ်ကို ထောက်ပံ့ပေးသည်။ သို့သော် ၎င်းကို ကူညီဖြေရှင်းဖို့ အစာချေအက်ဆစ်အပို ထပ်မံလိုအပ်သည်။ ထို့ကြောင့် ၎င်းကို အစာနှင့်တွဲသောက်သင့်ပါသည်။

Calcium citrate သည် စုပ်ယူဖို့ အစာချေအက်ဆစ် မလိုအပ်ပါ။ ထို့ကြောင့် အစား တစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် သောက်သုံးနိုင်သည်။ အစာချေအက်ဆစ်ကို လျော့ချပေးသော ဆေးဝါးများ သောက်သုံးခြင်းသည်လည်း နည်းလမ်းကောင်းတစ်ခုဖြစ်သည်။

ခဲမပါသော ကယ်လ်စီယမ် ဖြည့်စွက်အားဆေးများကို ရှာပါ။ အရိုးမှုန့်ဓါတ်မြေသြဇာ၊ သန္တာကျောက် (သို့) အန္ဓဂူကျောက် ပါဝင်သော အချို့ ကယ်လ်စီယမ်အားဆေးများတွင် ခဲပမာဏ အနည်းငယ်ပါဝင်တတ်သည်။ ခဲ သည် ကြီးထွားနေသော သင့်ကလေးအတွက် အန္တရာယ်ရှိပါသည်။

အခြားကယ်လ်စီယမ် ရင်းမြစ်များ

အစားအသောက်တွင် ပါဝင်သော ကယ်လ်စီယမ်ကို များစွာသော မတူညီသော အစားအစာနှင့် သောက်စရာများတွင် တွေ့ရှိနိုင်သည်။ ကျွန်ုပ်တို့ များစွားသော အစားအစာရင်းမြစ်မှ ကယ်လ်စီယမ် စားသုံးရယူခြင်းကိုလည်း ထောက်ခံထားကြပါသည်။

အောက်ဖော်ပြပါ အစားအစာ နှင့် သောက်စရာများသည် ကယ်လ်စီယမ် ကြွယ်ဝစွာပါဝင်ပါသည်။

  •     နို့
  •     ဒိန်ခဲ
  •     ဒိန်ချဉ်
  •     ရေညှိ
  •     အခွံမာသီး နှင့် အစေ့ (pistachio ၊ မက်မွန်မျိုးဝင် အယ်လ်မွန်သီး၊ နှမ်း ၊ သစ်အယ်သီး၊ )
  •     ပဲ
  •     သဖန်းသီး
  •     ပန်းမုန်လာစိမ်း
  •     ကညွတ်
  •     တို့ဖူး
  •     ဒန်ဒယ်လီယွန်အရွက်များ
  •     ကယ်လ်စီယမ်ဖြည့်စွက်ထားသော မနက်စာ စီရီယယ်များ
  •     ပဲနို့ နှင့် အသီးဖျော်ရည်အပါအဝင် အာဟာရဖြည့်စွက်ထားသော သောက်စရာများ
  •     ကြိတ်ထားသော ဥအခွံ ။ ဥအခွံကို အမှုန့်ဖြစ်အောင်ကြိတ်ပြီး အစားအစား နှင့် သောက်စရာများတွင် ထည့်နိုင်သည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly