အင်ဒိုနီးရှား ဆူမားတြားကျွန်းပေါ်တွင် မီးတောင်ပေါက်ကွဲ

အင်ဒိုနီးရှား ဆူမားတြားကျွန်းပေါ်တွင် မီးတောင်ပေါက်ကွဲ

ဖေဖော်ဝါရီ ၁၉ ။            ။ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ ဆီနာဘောင် မီးတောင်ဟာ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းက ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ မီးတောင်ပေါက်ကွဲပြီးနောက် မီးတောင်ပြာတွေဟာ လေထုထဲကို အမြင့်ပေ မီတာ ၅,၀၀၀ (ပေပေါင်း ၁၆,၄၀၀) အထိ ထုတ်လွှတ်နေခဲ့ပါတယ်။

အဆိုပါ မီးတောင် ပေါက်ကွဲမှု ကြောင့် လူသေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း အင်ဒိုအမျိုးသားသဘာဝဘေးသက်သာလျော့ပါးစေရေး အေဂျင်စီက ထုတ်ပြန်ပါတယ်။

တာဝန်ရှိသူတွေရဲ့အဆိုအရ မီးတောင်ပြာခိုးပြာလိပ်ကြီးတွေဟာ မီးတောင်ရဲ့ တောင်ဘက်အရပ်ကို ဦးတည်ပြီး အကွာအဝေး မီတာ ၄,၉၀၀ (သုံးမိုင်) အထိ ပြန့်နှံ့ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ယခုပေါက်ကွဲခဲ့တဲ့ ဆီနာဘောင် မီးတောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၀  တုန်းကလည်း တစ်ကြိမ်ပေါက်ကွဲခဲ့ဖူးသေးပြီး ယင်းအချိန်တုန်းက လူနှစ်ဦး သေဆုံးခဲ့ပါတယ်။ ယင်း ၂၀၁၀ ပေါက်ကွဲမှုမတိုင်ခင်ကတော့ ယင်းမီးတောင်ဟာ ရာစုနှစ်လေးစုအထိ ငြိမ်သက်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၀ ပြည့်နှစ်ပေါက်ကွဲမှုနောက်ပိုင်း ၂၀၁၄ မှာ နောက်ထပ်ပေါက်ကွဲမှုတစ်ကြိမ် ထပ်ဖြစ်လို့ လူ ၁၆ ဦးသေဆုံးခဲ့ရသလို ၂၀၁၆ မှာလည်း ပေါက်ကွဲမှုဖြစ်ပြန်လို့ လူ ခုနှစ်ဦး သေဆုံးထားခဲ့တယ်လို့ သိရပါတယ်။

ယခု မီးတောင်ပေါက်ကွဲမှုဖြစ်ပြီးနောက် အိမ်နီးချင်း သြစတြေးလျနိုင်ငံမှာတော့ လေကြောင်းလိုင်းတွေကို အနီရောင်အဆင့်သတိပေးချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required