နိုင်ဂျီးရီးယား စျေးတစ်စျေးအတွင်း အသေခံဖောက်ခွဲမှုများကြောင့် လူ ၁၉ ဦး သေဆုံး

နိုင်ဂျီးရီးယား စျေးတစ်စျေးအတွင်း အသေခံဖောက်ခွဲမှုများကြောင့် လူ ၁၉ ဦး သေဆုံး

ကန်နို၊ ဖေဖော်ဝါရီ ၁၇ ။               ။ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ငါးဈေးတစ်ဈေးတွင် အသေခံဖောက်ခွဲမှု သုံးရပ် ဖြစ်ပွားရာ လူပေါင်း ၁၉ ဦး သေဆုံးကြောင်း   ပြည်သူ့စစ်ခေါင်းဆောင်များက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောပြီး ဘိုကိုဟာရမ်ဂျီဟတ်တို့၏ တိုက်ခိုက်မှုဖြစ်ကြောင်း ပြောဆိုသည်။

စစ်အခြေစိုက်စခန်းတစ်ရပ်တွင် ဘိုကိုဟာရမ် သံသယရှိသူ ရာပေါင်းများစွာကို ခုံရုံတင်စွဲဆိုပြီး သီတင်းပတ်အတွင်း ဖေဖော်ဝါရီ ၁၆ ရက်က ယခုတိုက်ခိုက်မှုများ ဖြစ်ပွားခြင်း ဖြစ်သည်။

အဆိုပါ ခုံရုံးတင်စစ်ဆေးမှုတွင် ၂၀၁၄ ခုနှစ်အတွင်းက ဘော်နိုပြည်နယ်မှ ကျောင်းသူလေးများ ၂၀၀ ကျော်ထက်မနည်းကို ပြန်ပေးဆွဲမှုတွင် ပါဝင်သော တိုက်ခိုက်ရေးသမားတစ်ဦးအား ထောက်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။

ယခု အသေခံဗုံးခွဲမှုများက ဖေဖော်ဝါရီ ၁၆ ရက် ည ရှစ်နာခွဲခန့်တွင် ဖြစ်ပွားခြင်း ဖြစ်ပြီး ဘော်နိုပြည်နယ်၏ မြို့တော် မီဒူဂူရီမှ အရှေ့တောင်ဖက် မိုင် ၂၀ အကွာတွင် ဖြစ်ပွားခြင်းလည်း ဖြစ်သည်။

“လူသေလောင်း ၁၉ လောင်းကို တွေ့ရှိပါတယ်။ ဒဏ်ရာရသူ ၇၀ ရှိပါတယ်။ တာရှန်းကီဖီငါးဈေးကို ဗုံးခွဲသမား နှစ်ဦးက တိုက်ခိုက်တာဖြစ်ပါတယ်။ နောက်တော့ လေးမိနစ်လောက်အကြာမှာ တတိယမြောက်ဗုံးခွဲသမားက အနီးနားမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။”ဟု အစ္စလာမ္မစ်အစွန်းရောက်များကို တိုက်ထုတ်နေသော နိုင်ဂျီးရီးယားစစ်တပ်အား တပ်ကူပြုနေသည့် အရပ်ဖက်ပူးတွဲတပ်ဖွဲ့ CJTF မှ ကိုလိုက ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required