ရွှေစက်တော်ဘုရားပွဲ ဝန်ထမ်းလစာ တစ်လလျှင် ကျပ်သိန်း ၄၀၀ ခန့် သုံးစွဲရဟု ဂေါပကအဖွဲ့ဆို

ရွှေစက်တော်ဘုရားပွဲ ဝန်ထမ်းလစာ တစ်လလျှင် ကျပ်သိန်း ၄၀၀ ခန့် သုံးစွဲရဟု ဂေါပကအဖွဲ့ဆို

 

မကွေး၊ ဖေဖော်ဝါရီ ၁၇  ။           ။ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း ဘုရားကြီးဘဏ္ဍာငွေမှ ဝန်ထမ်းလစာ တစ်လလျှင် ငွေ ကျပ် သိန်း ၄၀၀ ခန့် အသုံးပြုနေရသည်ဟု မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံက သိရသည်။

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် တည်ရှိသည့် မန်းရွှေစက်တော်ဘုရားဗုဒ္ဓပူဇနိယ ပွဲတော်ကြီး တွင် စာရင်းကိုင်ဝန်ထမ်း၊လုံခြုံရေး၊မီးသတ်၊ကျန်းမာရေးနှင့် သန့်ရှင်ရေး စသည့် ဝန်ထမ်းများအတွက် ဝန်ထမ်းလစာ တစ်လ အသုံးပြုငွေသိန်း ၄၀၀ ခန့် ဘုရားကြီးဘဏ္ဍာငွေမှ ကုန်ကျသည်ဟု မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ယနေ့ ဖေဖော်ဝါရီ ၁၇ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

မန်းရွှေစက်တော်ဘုရား ပွဲတော်တွင် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား(၁၂၀)ဦး၊မီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦး၊ ကြက်ခြေနီ(၁၅)ဦး၊ကျန်းမာရေးမှူ း(၉)ဦး၊ဆရာဝန်(၂)ဦး၊ တိုင်းရင်ဆေးဆရာဝန်(၂)ဦး၊ လျှပ်စစ်ဝန်ထမ်း(၁၅) တို့သည် ဘုရားပွဲတော်တွင် လာရောက်ကူညီကြသဖြင့် ထောက်ပံ့ငွေတစ်နေ့(၃၆၀၀)ကျပ်ထောက်ပံ့ရကြောင်း၊ ထို့ပြင်ကျန်းမာသန့်ရှင်းရေးအဖွဲ့ဝန်ထမ်း(၇၀)ဦး ခန့်အပ်ထားကြောင်း၊ ၎င်းတို့အား တစ်နေ့(၅၀၀၀)ကျပ်နှုန်း ရှင်း ရကြောင်း ဘုရားပွဲတော်အတွက် စာရင်းကိုင်စာရေး(၂၆)ဦးအတွက် တစ်လ တစ်ဦး (၁၇၀၀၀၀)ကျပ်နှုန်း လစာပေးရသည်ဟု ဦးသိန်းလှိုင်က ပြောသည်။

“ ကျန်းမာသန့်ရှင့်အဖွဲ့တွေက ကျန်းမာရေးမှူး(၉)ယောက်ရဲ့ လမ်းညွန်ချက်နဲ့ ဂေါပကအဖွဲ့က တာဝန်ရှိသူ နှစ်ယောက်နဲ့အတူ ဘုရားပွဲတော်ကွင်းထဲမှာ နေ့တိုင်း ကားသုံးစီးနဲ့ ရေစို ရေခြောက် အမှိုက်ပုံတွေကို လိုက်သိမ်းရပါတယ်။ စာရေးဝန်ထမ်းတွေကလည်း အထက်စက်တော်ရာ အောက်စက်တော်ရာ အလှူခံဌာန တွေမှာ သူနေရာနဲ့သူ လုပ်ငန်း ကိုယ်စီ လုပ်ဆောင်ရပါတယ်” ဟု ဦးသိန်းလှိုင်က ဆိုသည်။

မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးသည် နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်နေ့မှ နှစ်ဆန်း (၁)ရက်နေ့ထိ (၃)လနီးပါးခန့် ပွဲတော်ရက်ရှည် ကျင်းပသည့် ဘုရားပွဲတော်ကြီးဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly