အသက်အကြီးဆုံးကမ္ဘာ့နံပါတ်တစ်ဖြစ်လာတဲ့ ဖက်ဒါရာ

အသက်အကြီးဆုံးကမ္ဘာ့နံပါတ်တစ်ဖြစ်လာတဲ့ ဖက်ဒါရာ
 

 

ဂရင်းစလင်းဆုဖလားအလုံး ၂၀ ရထားတဲ့ ရော်ဂျာဖက်ဒါရာဟာ သောကြာနေ့က ရော့တာဒမ်အိုးပင်းဆီမီးဖိုင်နယ်တက်ရောက် နိုင်ခဲ့ပြီးနောက် အသက်အကြီးဆုံး ကမ္ဘာ့နံပါတ်တစ်တင်းနစ် ကစားသမားဖြစ်လာပါတယ်။

အသက် ၃၆ နှစ်အရွယ် ဆွစ်ဇာလန်ကစားသမားဟာ နယ်သာလန်ရဲ့ရော်ဘင်ဟက်ဆီကို ၄-၆၊ ၆-၁၊ ၆-၁ နဲ့အနိုင်ရပြီးနောက် ပြိုင်ဘက်ရာဖေးနာဒယ်ရဲ့ကမ္ဘာ့အဆင့်တစ်နေရာကို လက်လွှဲယူနိုင်ခဲ့တာပါ။

“အံ့မခန်းရောက်ရှိမှုပါပဲ။ နံပါတ်တစ်ပြန်ဖြစ်ရတာ ကျွန်တော့်အတွက်အဓိပ္ပါယ်အများကြီးရှိပါတယ်။ မယုံနိုင်စရာကောင်းလောက် အောင်ပါပဲ။ အရမ်းလည်းပျော်တယ်။

အဆင့်တစ်နေရာကို ပြန်ရလိမ့်မယ်လို့ တကယ်ကိုမထင်ထားခဲ့မိတာပါ။ ကျွန်တော့်ဘဝအတွက်တော့ အရေးပါဆုံးအခိုက်အတန့် ပါပဲ”လို့ ဖက်ဒါရာက ဆိုခဲ့ပါတယ်။

ဖက်ဒါရာဟာ ၂၀၀၃ ခုနှစ်တုန်းက အသက် ၃၃ နှစ်နဲ့ ၁၃၁ ရက်အရွယ်မှာ ကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့ဖူးတဲ့ အွန်ဒရေအဂ္ဂါဆီကိုကျော်ပြီး အသက်အကြီးဆုံး ကမ္ဘာ့နံပါတ်တစ် ကစားသမားဖြစ်လာခဲ့ပါတယ်။

သူ့အနေနဲ့ ကမ္ဘာ့နံပါတ်တစ်နေရာကို ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီမှာ ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး ဒီတစ်ကြိမ်ကတော့ ၂၀၁၂ အောက်တိုဘာနောက်ပိုင်းမှ နံပါတ်တစ်နေရာကိုပြန်ရခဲ့တာပါ။

ဖက်ဒါရာဟာ ကမ္ဘာ့အဆင့်တစ်နေရာကိုပြန်လည်ရယူဖို့ဆုံးဖြတ်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်တုန်းက ဒူးဒဏ်ရာခွဲစိတ်ကုသခဲ့ရတာ ကြောင့် ရည်မှန်းချက်ပြည့်ဖို့ သံသယဖြစ်ခဲ့ရပါသေးတယ်။ ၂၀၁၇ ဇန်နဝါရီတုန်းကဆိုရင် ကမ္ဘာ့အဆင့် ၁၇ အထိကျဆင်းခဲ့ရတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required