Face Unlock, A.I. Beauty Technology, Full Screen (18:9), Fingerprint အတွက် ဘယ် OPPO ဖုန်းကိုရွေးချယ်ကြမလဲ

Face Unlock, A.I. Beauty Technology, Full Screen (18:9), Fingerprint အတွက် ဘယ် OPPO ဖုန်းကိုရွေးချယ်ကြမလဲ

 

ဒီနေ့ခေတ်လူတစ်ယောက်ဖုန်းတစ်လုံးဝယ်ပြီဆိုရင် နောက်ဆုံးနည်းပညာတွေ ဘာပါသလဲဆိုတာကစပြီး မေးတတ်ကြပါတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း စမတ်ဖုန်းဝယ်ယူသူတွေရဲ့ ပုံစံဟာလည်း နည်းပညာတိုးတက်မြင့်မားမှုနဲ့အတူ ပြောင်းလဲလာကြပါပြီ။ ကိုယ့်ရဲ့ budget အပေါ်လိုက်ပြီးဘယ်လို OPPO ဖုန်းဝယ်ယူကြမလဲလို့စဉ်းစားနေသူတွေအတွက် လိုတိုရှင်းအချက်အလက်လေးတွေကို ဖြန့်ဝေပေးလိုက်ချင်ပါတယ်။

နည်းပညာမြင့်ပြီးဈေးတန်တဲ့ဖုန်းမျိုးရွေးမယ်ဆိုရင် (OPPO F5 Lite – A83)

လက်ရှိ OPPO ရဲ့ F5 Series စမတ်ဖုန်းထုတ်ကုန်တွေမှာဈေးအတန်းဆုံးနဲ့ နည်းပညာအမြင့် feature တွေပါဝင်နေတဲ့ဖုန်းက OPPO F5 Lite (A83) စမတ်ဖုန်းပဲဖြစ်ပြီး hardware နဲ့ software ပေါင်းစပ်ပေးထားမှုကအခုကြည့်အခုဝယ်မယ့်သူတွေအတွက် အချိန်ကုန်သက်သာစေလိုကိုယ့်ရဲ့လိုချင်တဲ့ဆန္ဒကိုပါပြည့်ဝစေပါလိမ့်မယ်။ မျက်ကအကျယ်က ၅.၇ လက်မရှိတယ်။ Full Screen အပြည့် 18:9 aspect ratio ရှိတဲ့ display ကိုသုံးထားပြီး ရုပ်ထွက်အရည်အသွေးက 720x1440 အထိရရှိစေမှာပါ။ ဒီဇိုင်းကတော့ UFO Curved Design Philosophy ကိုသုံးထားလို့ လက်ထဲမှာကိုင်ထားရင် ကျစ်ကျစ်လျစ်လျစ်အံဝင်ခွင်ကျရှိစေပါလိမ့်မယ်။ Face Unlock ဆိုတဲ့မျက်နှာနဲ့ဖုန်းကိုအလွယ်တကူဖွင့်ပေးနိုင်မယ့်စနစ်ပါဝင်ပါမယ်။ ကင်မရာပိုင်းမှာနောက်ဆုံးနည်းပညာတစ်ခုဖြစ်တဲ့ A.I. Beauty Technology ထည့်သွင်းပေးထားတဲ့ 8MP Selfie ကင်မရာကိုသုံးပေးထားပြီးနောက်ကင်မရာအတွက်က 13MP အမျိုးအစားကိုသုံးပေးထားပါတယ်။ CPU အတွက် Octa-core 2.5 GHz မြန်နှုန်းရှိ processor ကိုသုံးထားပြီး RAM 3GB နဲ့တွဲဖက်အလုပ်လုပ်ပေးမှာပါ။ ဒီအတွက် မြန်နှုန်းနဲ့ပတ်သက်လာရင် ဘားမှပူစရာမလိုတော့ပါဘူး။ Internal Storage က 16GB ဆိုပေမယ့် SD ကဒ်ကနေ 256GB အထိတိုးမြှင့်သုံးနိုင်ပါတယ်။ SIM ကဒ် ၂ကဒ် နဲ့ SD ကဒ်၁ကဒ် တစ်ပြိုင်တည်းသုံးနိုင်တဲ့ triple-slot tray ပါ။ Battery က 3180mAh ဆိုတော့ အနည်းဆုံး ၁၂နာရီအထိအသုံးခံပါတယ်။ Software ပိုင်းမှာ OPPO ရဲ့ ကိုယ်ပိုင် ColorOS 3.2 နောက်ဆုံး version နဲ့အတူ Android OS 7.1 (Nougat) တို့ကိုစိတ် တိုင်းကျထိတွေ့အသုံးပြုရမှာဖြစ်ပါတယ်။ Champagne နဲ့ Black အရောင်၂မျိုးရွေးချယ်နိုင်ပြီးဈေးနှုန်းက ၂၂၉,ဝဝဝ ကျပ်ဆိုတော့ နည်းပညာမြင့်ပြီးဈေးတန်တဲ့ဖုန်းလို့ပဲပြောရမှာပါ။

အရည်အသွေးကောင်းပြီး Selfie ကောင်းတဲ့ဖုန်းလိုချင်သူတွေအတွက် (OPPO F5 Youth)

OPPO ရဲ့နောက်ထပ် F5 Series စမတ်ဖုန်းတစ်လုံးကတော့ F5 Youth ပဲဖြစ်ပြီးခေတ်ရေစီးကြောင်းဖတ်ရှင်ကိုပဲပုံဖော်ပေးထားတဲ့ဖုန်းဆိုလည်းမမှားပါဘူး။ Full HD+ Full Screen အမျိုးအစား ၆လက်မမျက်နှာပြင်ကိုမှ 18:9 aspect ratio ဆိုတော့ မြင်ကွင်းကျယ်ကျယ်နဲ့ဂိမ်းကောင်းကောင်းဆော့လို့ရမှာဖြစ်ပါတယ်။ Face Unlock စနစ်အပြင် Fingerprint ကိုလည်းဖုန်းရဲ့နောက်ကျောဘက်မှာတပ်ဆင်ပေးထားလို့ ကြိုက်တဲ့ Unlock စနစ်ကိုအသုံးပြုနိုင်ပါတယ်။ Selfie ကင်မရာမှာဆိုရင် 16MP ရုပ်ထွက်အရည်အသွေးကိုမှ A.I. Beauty Technology ပါပေါင်းစပ်ပေးထားလို့ ကိုယ့်အနားမှာ Professional ဓာတ်ပုံဆရာတစ်ယောက်နဲ့ Beauty Maker တစ်ယောက်ရှိနေသလိုခံစားရစေမှာပါ။   နောက်ကင်မရာမှာဆိုရင်   ပြတ်ပြတ်သားသားပုံရိပ်တွေကိုဖမ်းယူနိုင်စေမယ့် 13MP အမျိုးအစားကိုသုံးပေးထားပါတယ်။ စွမ်းဆောင်မှုအပိုင်းမှာ RAM 3GB နဲ့အတူ Octa-core 2.5GHz မြန်နှုန်းမြင့် CPU တို့ကပေါင်းစပ်အလုပ်လုပ်ပေးမှာပါ။ 32GB internal storage ကို 256GB အထိတိုးမြှင့်နိုင်သလိုtriple-slot အမျိုးအစား ဖြစ်လို့ SIM ကဒ်၂ကဒ်လည်းတစ်ပြိုင်တည်းအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ Battery အတွက် 3200mAh အမျိုးအစားကပုံမှန်သုံးစွဲမျိုးအတွက် ၁၂နာရီအထိအသုံးခံစေပါလိမ့်မယ်။ Software ပိုင်းမှာဆိုရင်လည်းAndroid OS 7.1 (Nougat)နဲ့အတူ OPPO ရဲ့ ColorOS 3.2 version တို့ကိုတစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ OPPO F5 Youth အတွက်ဈေးနှုန်းက ၃၁၉,ဝဝဝ ကျပ်ဖြစ်ပြီး Gold နဲ့ Black ၂မျိုးရွေးချယ်နိုင်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly