ဂျနီဖာအန်နစ္စတန်နှင့် ဂျက်စတင်သာရောက်စ်တို့ လမ်းခွဲပြတ်စဲကြောင်း ကြေညာ

ဂျနီဖာအန်နစ္စတန်နှင့် ဂျက်စတင်သာရောက်စ်တို့ လမ်းခွဲပြတ်စဲကြောင်း ကြေညာ

 

ဟောလိဝုဒ်စုံတွဲတစ်တွဲဖြစ်သည့် မင်းသမီးဂျနီဖာအန်နစ္စတန်နှင့် မင်းသားဂျက်စတင်သာရောက်စ်တို့သည် အိမ်ထောင်သက် ၂ နှစ်ကျော်အကြာတွင် လမ်းခွဲပြတ်စဲခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ကြသည်။

Wanderlust ဆိုသော ဟာသရုပ်ရှင်ရိုက်ကွင်း၌ စတင်တွေ့ဆုံခဲ့ကြသော သူတို့ဇနီးမောင်နှံသည် ပြီးခဲ့သော နှစ်ကုန်လောက်ကတည်းက နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းခွဲရသည့်အကြောင်းရင်းကို မပြောကြားခဲ့သော်လည်း သူတို့နှစ်ဦးသည် မိတ်ဆွေကောင်းများအဖြစ် ချစ်ချစ် ခင်ခင်နေထိုင်သွားကြမည်ဟု ပြောဆိုခဲ့ကြသည်။

“ကျနော်တို့ ကျွန်မတို့နှစ်ဦးစလုံးဟာ လမ်းခွဲပြတ်စဲကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့် ကျနော်ကျွန်မတို့ နှစ်ဦးစလုံးဟာ မိတ်ဆွေကောင်းတွေအဖြစ် ဆက်လက်ဆက်ဆံသွားကြမှာဖြစ်ပါတယ်” ဟု သူတို့နှစ်ဦး၏ ပူးတွဲထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားခဲ့သည်။

အသက် ၄၉နှစ်အရွယ်ရှိ အန်နစ္စတန်နှင့် ၄၆ နှစ်အရွယ်ရှိ သာရောက်စ်တို့သည် လွန်ခဲ့သော ၂၀၁၅ခုနှစ် သြဂုတ်လက လော့စ်အိန်ဂျယ်လိစ်၌ သိုသိုသိပ်သိပ် လက်ထပ်ခဲ့ကြသည်။ သူတို့နှစ်ဦးသည် မင်္ဂလာမဆောင်မီ ကတည်းက ၄ နှစ်ခန့် တွဲခဲ့ကြသူများဖြစ်သည်။

အန်နစ္စတန်သည် ရုပ်သံစီးရီးဖြစ်သော Friends ၌ သရုပ်ဆောင်ခဲ့ဖူးသလို Marley & Me နှင့် Horrible Bosses တို့အပါအဝင် ရုပ်ရှင်ပေါင်းများစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။

ဂျက်စတင်သာရောက်စ်သည် သူမ၏ဒုတိယမြောက်အိမ်ထောင်ဖြစ်ပြီး အန်နစ္စန်သည် မင်းသားဘရတ်ပစ်နှင့် လည်း ငါးနှစ်ခန့် အိမ်ထောင်ကျခဲ့ဖူးကာ လွန်ခဲ့သော ၂၀၀၅ ခုနှစ်က ကွာရှင်းခဲ့ကြသည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required