မော်လမြိုင်မှ အသက် ၁၁ နှစ်နှင့် ၁၃ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး ပျောက်ဆုံးနေ

မော်လမြိုင်မှ အသက် ၁၁ နှစ်နှင့် ၁၃ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး ပျောက်ဆုံးနေ
မော်လမြိုင်မှ အသက် ၁၁ နှစ်နှင့် ၁၃ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး ပျောက်ဆုံးနေ

 

ရန်ကုန်၊ ဖေဖော်ဝါလ ၁၆ ။             ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်၊ ၁၃ လမ်းတွင် နေထိုင်သည့် အသက် ၁၁ နှစ်အရွယ် မဖူးပြည့်စုံဦးနှင့် ၁၃ နှစ်အရွယ် မစိုးသန္တာ ဆိုသည့် မိန်းကလေးငယ် ၂ ဦးမှာ ပျောက်ဆုံးနေကြောင်း မဖူးပြည့်စုံဦး၏ မိခင်ဖြစ် သူ ဒေါ်တင်တင်မြင့်က မဇ္ဈိမသို့ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြောသည်။

အဆိုပါ မိန်းကလေးငယ် ၂ ဦးမှာ ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက် ၁၁ နာရီခန့်အချိန် စာမေးပွဲဖြေအပြီး ရန်ကုန်- မော်လမြိုင်အဝေးပြေးလိုင်းကား သိန်းသန်းကျော်မှန်လုံယာဉ်ဖြင့် လိုက်ပါသွားခဲ့ကြောင်း သိရသည်။

“ သမီးတို့က မော်လမြိုင်က ထွက်သွားတာ။ မော်လမြိုင်ကနေထွက်ပြီးတော့ ပဲခူးလမ်းဆုံမှာ ဆင်းတယ် တဲ့။ ကားသမားကပြောတယ်။ မော်လမြိုင်က ကားကို ကျွန်မသွားမေးခဲ့တာပါ။ ပဲခူးမှာ ဓာတ်ပုံနဲ့ ပြပြီးတော့ လိုက်ရှာတဲ့အခါကျတော့ တက္ကစီသမားတစ်ယောက်က ပြောတယ်။ အဲ့ဒီ ပဲခူးကားကနေပြီးတော့ တောင်ငူကား ပေါ်ကိုတက်စီးသွားတယ်တဲ့။ တောင်ငူကို ကျွန်မညီမက သွားပြီး ရောက်လာတဲ့ ကားတွေကို လိုက်မေးတော့ ကလေးကိုလည်းမတွေ့ဘူး။ ခုနကပဲ ညီမက ထပ်ဖုန်းဆက်တယ်။ သူပဲခူးက ကားသမားတွေပြန်မေးကြည့်တော့ ပဲခူး၊ ဘုရားကြီးလမ်းဆုံမှာ ဆင်းသွားတယ်လို့ ပြောတယ်။ သူတို့ပဲခူးမှာပဲ ရှိမယ်ထင်တယ်။ ကျွန်မသမီးလေး တွေကို ဘယ်သူတွေ ခေါ်သွားလည်းမသိပါဘူး။ ကူညီပေးကြပါဦး”ဟု မဖူးပြည့်စုံဦး၏ မိခင်ဖြစ်သူ ဒေါ်တင်တင်မြင့်က ပြောသည်။

အဆိုပါ မိန်းကလေးငယ်နှစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး မိခင်ဖြစ်သူက မော်လမြိုင်မြို့ရှိ သက်ဆိုင်ရာ နယ် မြေရဲစခန်းနှင့် ပဲခူးတိုင်းဒေသကြီးရှိ ဘုရားကြီးနယ်မြေရဲစခန်းတွင် ကလေးငယ်နှစ်ဦး၏ ဓာတ်ပုံ ၅ ပုံ ပေးပို့ထားကာ လူပျောက်တိုင်ကြားထားကြောင်း သိရသည်။

မိန်းကလေးငယ်နှစ်ဦးကို တွေ့ရှိသူများအနေဖြင့်လည်း ဖုန်းနံပါတ် 09 776 797 791 ဆက်သွယ်အကြောင်းကြား ပေးနိုင်ပြီး နီးစပ်ရာအုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းထားပေးကြရန် ပျောက်ဆုံးနေသည့် မိန်းကလေးငယ်နှစ်ဦး ၏ မိသားစုက အကူအညီတောင်းခံထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required