နွေရာသီတွင် ရီးယဲလ်မက်ဒရစ်မှ ဇီဒန်းထွက်ခွာဖွယ်ရှိဟု ရာမို့စ်ဆို

နွေရာသီတွင် ရီးယဲလ်မက်ဒရစ်မှ ဇီဒန်းထွက်ခွာဖွယ်ရှိဟု ရာမို့စ်ဆို

 

ဖေဖော်ဝါရီ ၁၆၊ မက်ဒရစ်။           ။ ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ချန်ပီယံလိဂ်ဖလားရရှိခဲ့လျှင်ပင် နွေရာသီတွင်နည်းပြသစ်တစ်ဦးရှာဖွေရဖွယ်ရှိနေသည်ဟု အသင်းခေါင်းဆောင်ရာမို့စ်ပြောသည်။

ပီအက်စ်ဂျီကို ၃-၁ ဂိုးဖြင့်အနိုင်ရသည့်ပွဲအပြီးတွင် ဇီဒန်း၏အနာဂါတ်နှင့်ပတ်သက်ပြီးမေးမြန်းခံရရာတွင် ရာမို့စ်က “ဒီဖလားကို သူထပ်ရနိုင်ပြီး အနားယူဖို့လည်းလိုချင်လိုလိမ့်မယ်။ ဖြစ်နိုင်တာကို   ပြောတာပါ။

အောင်မြင်မှုရရင်သူဆက်ရှိနေမှာပဲလို့လူတွေကထင်နေပေမယ့် သူ့အနေနဲ့အနားယူဖို့လိုချင်လည်းလိုနေမှာပါ”ဟု ပြောသည်။

အကယ်၍ဇီဒန်းသာဆက်နေခဲ့ပါက ဂါရတ်ဘေးလ်၏ လာမည့်နွေရာသီအစီအစဉ်အပေါ်သက်ရောက်မှုရှိလာနိုင်သည်။ ကစားသမားနှင့်နည်းပြအကြားပြဿနာရှိနေပြီး ဇီဒန်းသည် လက်ရှိရာသီ၏ အကြီးကျယ်ဆုံးပွဲတွင် ဘေးလ်ကိုချန်လှပ်ခဲ့သည်။

ဇီဒန်း၏ပြိုင်ဘက်အသင်းမှ ပီအက်စ်ဂျီနည်းပြအမ်မရီသည်လည်း အဓိကဥရောပပြိုင်ပွဲတစ်ခုတွင်ရှုံးနိမ့်မှုကြောင့် နွေရာသီ၌ အသင်းမှထွက်ခွာရဖွယ်ရှိနေသည်။

အမ်မရီသည် ရီးယဲလ်မက်ဒရစ်နှင့်ပွဲတွင် လူစာရင်းထုတ်ပုံ၊ လူစားလဲပုံများနှင့်ပတ်သက်ပြီး ပြင်သစ်တွင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly