I လို့ ထူးထူးခြားခြားနာမည်ပေးထားတဲ့ တေးစီးရီးသစ်ကို မိတ်ဆက်လိုက်တဲ့ရွှေထူး

I လို့ ထူးထူးခြားခြားနာမည်ပေးထားတဲ့ တေးစီးရီးသစ်ကို မိတ်ဆက်လိုက်တဲ့ရွှေထူး

ရန်ကုန် ဖေဖော်ဝါရီ ၁၅ ။           ။ တေးသံရှင်ရွှေထူးက သူ့ရဲ့တေးစီးရီးသစ် ဖြစ်တဲ့ I လို့အမည်ရတဲ့ Audio CD Album ကို စတင်မိတ်ဆက်လိုက်ပါပြီ။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန် မြို့၊ Orchid ဟိုတယ်မှာ စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်ခဲ့တာပါ။

"ဒီတေးစီးရီးရဲ့နာမည်က ကျွန်တော့်ကိုယ် ကျွန်တော် ရည်ညွှန်းတယ်၊ ကျွန်တော်ကိုယ် ကျွန်တော် နေရာသစ်တစ်ခုကို သွားတယ်၊ အလင်း ထဲကို ကျွန်တော်ဝင်သွားတယ်၊ ကျွန်တော့်ကိုယ် ကျွန်တော် upgread လုပ်တယ်လို့ ကျွန်တော် ယူဆတယ်ဗျ၊ ဒီစီးရီးဖြစ်လာတာက စိတ်ကူး ယဉ် Albumကတည်းက ဒီစီးရီးကို စုနေခဲ့တာ၊ အခုမှ ထုတ်ဖြစ်တာပေါ့နော်" လို့ တေးသံရှင် ရွှေထူးက ပြောပါတယ်။

I လို့အမည်ရတဲ့တေးစီးရီးသစ်မှာ တေးသီချင်း ၁၃ ပုဒ် ပါဝင်ပြီး၊ အရင်ရွှေထူးစတိုင်နဲ့မတူတဲ့ စတိုင်တွေနဲ့ဆိုထားတဲ့ တေးသီချင်းတွေလည်း ပါဝင်တယ်လို့ တေးသံရှင်ရွှေထူးက ဆိုပါတယ်။

"အချစ်သီချင်းတွေ များပါတယ်၊ အသည်းကွဲ သီချင်း၊ အချစ်သီချင်း အဲဒီလို အမြူးအကြွတွေ လည်း ပါတယ်၊ ဒါပေမယ့် အသည်းကွဲသီချင်းကိုမှ အရင်တုန်းကလို Pop ဆန်ဆန်မဟုတ်ဘဲနဲ့ R&B စတိုင်လေးတွေ ဆိုထားတာလည်း ပါတယ်၊ စိတ်ကူးယဉ်စာအုပ်တုန်းကလို ရွှေထူးအရင်က ဆိုခဲ့ဖူးတဲ့ပုံစံလို မမျှော်လင့်တော့ပါဘူးတို့၊ တံခါး ဖွင့်ထားပါတယ်တို့ ပုံစံမျိုးတွေလည်းပါတယ်၊ အဲဒါမျိုး ၄ ပုဒ်၊ ၅ ပုဒ်လောက်ပါတယ်၊ ကျန်တဲ့ဟာ တွေမှာ အရင်တုန်းက ရွှေထူးမဟုတ်တဲ့ပုံစံမျိုး လေးတွေလည်း ပါတယ်ဗျ" လို့ ရွှေထူးက ပြောပါတယ်။

ဒီတေးစီးရီးသစ်ဟာ ရွှေထူးရဲ့ဒုတိယမြောက်တေးစီးရီးသစ်လည်း ဖြစ်ပါတယ်။ ဒီ တေးစီးရီးသစ်မှာ ရွှေထူးရဲ့သူငယ်ချင်းတွေဖြစ်တဲ့ OASUX၊ YZET၊ ALATT၊ DOE PAT၊ AR DAN၊ BLACK T၊ LILZ တို့ကလည်းအားဖြည့်သီဆိုထားတယ်လို့ သိရပါတယ်။

I လို့အမည်ရတဲ့ Audio CD Album ကို BO BO ENTERTAIMENT ကနေ ဒီကနေ့ကစပြီး ထုတ်လုပ်ဖြန့်ချိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required