တစ်ကို်ယ်တော် ဖျော်ဖြေပွဲများပြုလုပ်ရန် တစ်နှစ်ထက်မနည်း အချိန်ယူသွားမည့် One Direction အဖွဲ့

တစ်ကို်ယ်တော် ဖျော်ဖြေပွဲများပြုလုပ်ရန် တစ်နှစ်ထက်မနည်း အချိန်ယူသွားမည့် One Direction အဖွဲ့

ဗြိတိန်အဆိုတော်အဖွဲ့ One Direction အဖွဲ့သည် တစ်ကိုယ်တော် ဖျော်ဖြေပွဲများ ပြုလုပ်ရန်  မတ်လမှစတင်ကာ တစ်နှစ်ထက်မနည်း အချိန်ယူသွားမည် ဖြစ်သည်။

One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်လ်၊ လီအမ်ပိန်း၊ လူးဝစ်တွမ်လင်ဆန်နှင့် နီအဲလ်ဟိုရန် တို့သည် တစ်ကိုယ်တော် ဖျော်ဖြေပွဲများ လုပ်ဆောင်ရန် ၂၀၁၆ ခုနှစ် မတ်လမှစ၍ တစ်နှစ်ထက် မနည်း အချိန်ယူသွားရန် သဘောတူညီခဲ့ကြောင်း သြဂုတ် ၂၃ ရက်က ထုတ်ပြန်ကြေညာသည်။ ယင်းကိစ္စရပ်သည် အဖွဲ့အတွင်းမှ ထွက်ခွာခဲ့သည့် ဇေယန်မာလစ်ခ်နှင့် သက်ဆိုင်ခြင်းရှိပုံ မပေါ်ချေ။
အဖွဲ့ဝင်များသည် ၎င်းတို့၏ ပဉ္စမမြောက် တေးသီချင်းအယ်လ်ဘမ် ထွက်ရှိပြီးနောက်ပိုင်းတွင် ကမ္ဘာလှည့် ဖျော်ဖြေပွဲများကို  လုပ်ဆောင်သွားမည် မဟုတ်ကြောင်းနှင့် အဖွဲ့ကို ယာယီရပ်နားထား မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု The Sun တွင် ဖော်ပြထားသည်။

ယင်းသတင်းက One Dierction အဖွဲ့သည်  ဗြိတိန်နိုင်ငံ ရှက်ဖီးလ်ဒ်မြို့ Motorpoint အားက စားကွင်းတွင် ၎င်းတို့၏ နောက်ဆုံးဖျော်ဖြေပွဲကို ပြုလုပ်သွားမည့် သဘောဖြစ်သည်။

“ အဖွဲ့ဝင်များဟာ ဂီတလုပ်ငန်းကို ငါးနှစ်ကြာ အတူလုပ်ဆောင်ခဲ့ပါတယ်။ သူတို့တွေဟာ တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဆောင်ဖို့ တစ်နှစ်ထက်မနည်း အချိန်ယူတာဟာ ဖြစ်သင့်ပါတယ်။  သူတို့အဖွဲ့ဟာ တရားဝင် လမ်းခွဲခဲ့တာ မဟုတ်ပါဘူး။ အနာဂတ်တစ်ချိန်ချိန်မှာ သူတို့ ပြန်ပေါင်းသွားနိုင် ပါတယ်။ သူတို့အဖွဲ့ဟာ ကမ္ဘာ့လူအကြိုက်များဆုံး တေးဂီတအဖွဲ့အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပါ တယ်” The Sun တွင် ဖော်ပြထားသည်။

“ တစ်ကိုယ်တော်ဖျော်ဖြေပွဲ အစီအစဉ်များတွင် ဇေယန် ပါဝင်ကောင်း ပါဝင်နိုင်သလို မပါဝင် ရင်လည်း မပါဝင်နိုင်ပါဘူး။ အဖွဲ့ဟာ ဇေယန်မပါဘဲနဲ့လည်း အံ့သြဖွယ် တေးသီချင်းတွေကို ဖန်တီးနိုင် သလို တစ်မူထူးခြားတဲ့ ပျော်ရွှင်မှုတွေကိုလည်း ပေးစွမ်းမှာပါ”ဟု အတွင်းလူတစ်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly