ဆရာတော်ဦးပါမောက္ခအား လာမည့် ၂၁ ရက် နေ့တွင် အပြီးသတ်အမိန့်ချမည်

ဆရာတော်ဦးပါမောက္ခအား လာမည့် ၂၁ ရက် နေ့တွင် အပြီးသတ်အမိန့်ချမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ဖေဖော်ဝါရီ ၁၅ ။            ။ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့်မကွေး ကျောင်းဆရာ တော်ဦးပါမောက္ခကို လာမည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အပြီးသတ်အမိန့်ချ မည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရန်ကုန်၊ ကမာရွတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်၍ ဆရာတော်၏ သက်သေ ၆ ဦးထဲမှ ၁ ယောက်ကို ပယ်၍ ၅ ဦးကို တပြိုင်နက်စစ်ဆေးခဲ့ပြီးနောက်၊ အပြီးသတ်လျှောက်လဲချက်ကို တင်ခဲ့ သည့်အတွက် လာမည့် ၂၁ ရက်နေ့တွင် အမိန့် ချမည်ဖြစ်သည်။

" တရားလိုဘက်က သက်သေတွေလည်း စစ်ပြီးသွားတော့ ပြီးခဲ့တဲ့ ၇ ရက်နေ့က စွဲချက်တင်သင့် တယ်လို့ အမိန့်ချပြီးတော့ ၁၄ ရက်နေ့မှာ သက်သေတွေ အကုန်စစ်ဆေးပြီး လျှောက်လဲချက် အပြီးတင်တယ်၊ လာမယ့် ၂၁ ရက်နေ့ ဆရာ တော်ကို အပြီးသတ်အမိန့်ချသွားမှာ" ဟု ဆရာ တော်၏အမှုလိုက်ပါဆောင်ရွက်သူများအဖွဲမှ ဦးစည်သူမြင့်က မဇ္ဈိမသို့ ပြောသည်။

" တရားဥပဒေစိုးမိုးရေးအရကြည့်မယ်ဆိုရင် ၅၀၅ (ခ) ဟာ ရဲအရေးမပိုင်တဲ့အမှုဖြစ်တယ်၊ ဆရာတော့် ကို တရားစွဲဆိုတဲ့အမှုမှာ တရားလိုကိုယ်တိုင်က တရားခွင်မှာ တရားဝင်ပြောတယ်၊ ဦးတိုက်လျှောက် လွှာပေါ်က လက်မှတ်ဟာ သူ့လက်မှတ်မဟုတ်ဘူး ဆိုတာ၊ အဲဒါကြီးပေါ်လွင်နေတာကို ဆရာတော့် ဘက်က ရှေ့နေကလည်း ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၂) အရ လွှတ်ပေးဖို့ဆိုပြီး ကြားထဲမှာ တင်ပြခဲ့တာ တွေလည်းရှိတယ်၊ ဆရာတော့်ကို ထောင်ချချင်လို့ စွဲချက်တင်တာပဲလေ" ဟု ဆရာတော်၏အမှု လိုက် ပါဆောင်ရွက်သူများအဖွဲမှ ဦးစည်သူမြင့်က ပြော သည်။

ဆရာတော်၏အမှုနှင့်ပတ်သက်၍ မကွေး ကျောင်း ဆရာတော်အမှုလိုက်ပါဆောင်ရွက်သူများ အဖွဲနှင့်အတူ ဆရာတော်အားဝန်းရံကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက တရားဥပဒေ ဘောင်အတွင်းမှ ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် ဆရာတော်ဦးပါမောက္ခက တရားရုံးဦး တိုက် လျှောက်ထားလွှာတရားလို၏လက်မှတ် မမှန်မကန် ဖြစ်နေသည်ဟုဆိုကာ တရားလိုအပါအဝင် တရားသူကြီးနှင့် ရဲအရာရှိ၊ လူပုဂ္ဂိုလ် ၆ ဦးတို့ကို ပုဒ်မ ၄၆၈ ဖြင့် ပြန်လည်တရားစွဲဆိုခဲ့ သည်။ ယင်းအမှုကို မြို့နယ်နှင့် ခရိုင်တရားရုံးတို့ က ပယ်ချခဲ့သည်။

မကွေးကျောင်းဆရာတော်ဦးပါမောက္ခအား တရား စွဲဆိုဖမ်းဆီးစစ်ဆေးနေခြင်းကိစ္စနှင့်ပတ်သက်၍ မကွေးကျောင်းဆရာတော်ဦးပါမောက္ခအမှု ကူညီ ဆောင်ရွက်သူများအဖွဲ့နှင့် ဆရာတော်အား ဝန်ရံ ကြသူများက ဇန်နဝါရီလ ၈ ရက်နေ့က နိုင်ငံတော် အကြီးအကဲများထံသို့ တင်ပြတိုင်ကြားခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံး ရှေ့တွင် ခွင့်ပြုချက် မရှိဘဲဆန္ဒပြမှုအတွက် ရဟန်း ၃ ပါးနှင့် လူ ၄ ဦးကို အမှုဖွင့်ခဲ့သည်။ ယင်းနောက် ရဟန်း ၃ ပါး ဖြစ်သော ဦးပါမောက္ခ၊ ဦးသုစိတ္တနှင့် ဦးပညာဝံသ တို့ကို တရားရုံးသို့ အစစ်ဆေးခံရန် မလာ ရောက်ခဲ့ကြသည့်အတွက် ဖမ်းဝရမ်း ထုတ် ပြန်ထားခဲ့သည်။

ဆရာတော်ဦးပါမောက္ခသည် ဖမ်းဝရမ်းထုတ်ခံထား ရစဉ် နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက် ပိုင်း၊ မြို့မရဲစခန်းတွင် ဒဂုံမြို့သစ် မြောက်ပိုင်း၊ မြို့မရဲစခန်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၈ ရပ်ကွက်ရှိ အခွန်လွတ်ဈေးမြေနေရာကိစ္စ ဆန္ဒဖော် ထုတ်ရန် ခွင့်ပြုချက်လာရောက်တောင်းခံစဉ် လူ ဝတ်လဲ ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် ကမာရွတ်မြို့နယ် တရားရုံးက နိုင်ငံ တော်အကြည်အညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ)ကို အာမခံမပေးသည့်အတွက် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရကာ ယခုကဲ့သို့ အမှုဆက်လက်ရင် ဆိုင်နေရခြင်းဖြစ်သည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တွင် "နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ် ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ် ယောက်သောသူက ကျူးလွန်လာအောင် အများ ပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန်အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်" ဟု ဖော်ပြထား ပြီး ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ" ချမှတ်နိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required