ဝီလ်ရှီးယားကို ဂျူဗင်တပ်အသင်းစိတ်ဝင်စားနေ

ဝီလ်ရှီးယားကို ဂျူဗင်တပ်အသင်းစိတ်ဝင်စားနေ

ဖေဖော်ဝါရီ ၁၅၊ တူရင် ။             ။ အီတလီစီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းသည် ဝီလ်ရှီးယားကိုခေါ်ယူရန်စိတ်ဝင်စားနေပြီး စုံစမ်းမှုပြုလုပ်ခဲ့သည်။ ဝီလ်ရှီးယားသည် တစ်ပတ်ပေါင် ၁ သိန်းဝန်းကျင်ရနေသည့် လက်ရှိစာချုပ်ကုန်မည့် လာမည့်နွေရာသီတွင် အာဆင်နယ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်မည်ဖြစ်သည်။

အာဆင်နယ်အသင်းကမူ အသက် ၂၆ နှစ်အရွယ်ကွင်းလယ်ကစားသမားအနေဖြင့် တစ်ပတ်ပေါင် ၈၀, ၀၀၀ တန်စာချုပ်သစ်ကို လက်မှတ်ထိုးလိမ့်မည်ဟု ယုံကြည်နေသည်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဝီလ်ရှီးယားသည် ပြီးခဲ့သည့်နှစ်များအတွင်းဒဏ်ရာများဖြင့်ရုန်းကန်ခဲ့ရသည်။ သို့သော်လက်ရှိ ရာသီတွင် ပြိုင်ပွဲစုံ ၁၈ ပွဲကိုပွဲထွက်ကစားထားပြီး ခုနစ်ပွဲလူစားဝင်ကစားနိုင်ခဲ့ရာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းတွင်လည်း ပါဝင်နေသည်။

လက်ရှိရာသီတွင် အာဆင်နယ်အတွက် ပရီးမီးယားလိဂ်တစ်ဂိုးသွင်းပြီး နှစ်ဂိုးဖန်တီးပေးထားကာ မန်စီးတီးနှင့်ကစားရမည့် ကာရာဘောင်ဖလားဗိုလ်လုပွဲသို့လည်း ရောက်ရှိနေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required