၁၀၁ ဂိုးမှ ဆက်လက်ရေတွက်ရအုံးမယ့် ရီးယဲလ်အသင်းအတွက် စီရော်နယ်လ်ဒိုရဲ့ ထူးခြားတဲ့ ချန်ပီယံလိဂ် စံချိန်မှတ်တမ်း

၁၀၁ ဂိုးမှ ဆက်လက်ရေတွက်ရအုံးမယ့် ရီးယဲလ်အသင်းအတွက် စီရော်နယ်လ်ဒိုရဲ့ ထူးခြားတဲ့ ချန်ပီယံလိဂ် စံချိန်မှတ်တမ်း
(ဓာတ်ပုံ - အီးပီအေ)

မနေ့ညက ရီးယဲလ်အသင်းက ပီအက်စ်ဂျီအသင်းကို (၃-၁)ဂိုးနဲ့ နိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ စီရော်နယ်လ်ဒိုဟာ အသင်းအတွက် ဂိုး (၂)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အသင်းတစ်သင်းတည်းနှင့် ချန်ပီယံလိဂ်ဂိုး (၁၀၀) ကျော်သွင်းတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အခုဆိုရင် စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ် ၁၂ ပွဲမှာ ၂၁ ဂိုးထိ သွင်းယူခဲ့ပြီး ဒီရာသီ ၇ ပွဲမှာ ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ပြိုင်ဘက် မက်စီထက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းတစ်သင်းတည်းနှင့် ဂိုးအများဆုံးသွင်းဂိုး အရေအတွက် ၄ ဂိုးပိုများတာကို တွေ့ရပါတယ်။

မက်ဆီရဲ့နောက်မှာတော့ ရော်နယ်လ်ဒိုရဲ့ ချန်ပီယံလိဂ် သွင်းဂိုးအရေအတွက်ကို ဘယ်သူမျှ လိုက်မီဖို့ မရှိသေးပါဘူး။

ကလပ်တစ်သင်းတည်းနှင့် ချန်ပီယံလိဂ်ဂိုးသွင်း အများဆုံး ကစားသမားများ

စီရော်နယ်လ်ဒို (ရီးယဲလ်) ၁၀၁ ဂိုး
မက်ဆီ (ဘာစီလိုနာ) ၉၇ ဂိုး
ရာအူးလ် (ရီးယဲလ်) ၆၆ ဂိုး
ပီယာလို (ဂျူဗင်တပ်စ်) ၄၂ ဂိုး
ဘန်ဇီမာ (ရီးယဲလ်) ၃၁ ဂိုး
မူလာ (ဘိုင်ယန်မြူးနစ်) ၄၀ ဂိုး
ဒရော့ဘာ (ချယ်လ်ဆီး) ၃၆ ဂိုး
နစ္စတယ်ရွိုင်း (မန်ယူ) ၃၅ ဂိုး
အွန်နရီ (အာဆင်နယ်) ၃၅ ဂိုး
ဝိန်းနီ (မန်ယူ) ၃၀ ဂိုး

ရီးယဲလ်အသင်းမှာ ရာသီအလိုက် ရော်နယ်လ်ဒိုရဲ့ ချန်ပီယံလိဂ် သွင်းဂိုးများ

  • ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်း (၆)ရာသီမှာ နှစ်စဉ်ဂိုးသွင်းဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။
  • သူဟာဟာ ချန်ပီယံလိဂ်မှာ ၇ ရာသီဆက် ၁၀ ဂိုးနဲ့အထက် သွင်းယူတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပါတယ်။
  • ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တစ်ရာသီအတွင်း (၂၀၁၅-၁၆ မှာ ၁၁ ဂိုး)ဖြင့် ဂိုးအများဆုံး သွင်းယူတဲ့ စံချိန်ကို ပိုင်ဆိုင်ထားပါတယ်။
  • သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ရာသီအတွင်း (၂၀၁၃-၁၄ မှာ ၁၇ ဂိုး)ဖြင့် ဂိုးအများဆုံး သွင်းယူတဲ့ ကစားသမားဖြစ်ပါတယ်။
  • ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အားလုံးကို (၂၀၁၇-၁၈ ရာသီမှာ ၉ဂိုးဖြင့်) ဂိုးသွင်းယူတဲ့ ပထမဆုံးကစားသမားဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ ရီးယဲလ်အသင်းအတွက် ချန်ပီယံလိဂ်ဂိုး ၁၀၁

ရော်နယ်လ်ဒိုရဲ့ ချန်ပီယံလိဂ် နောက်ဆုံး ၂ ဂိုးဟာ ပင်နယ်တီမှတစ်ဆင့် တစ်ဂိုးနဲ့ ဖြတ်တင်ဘောမှ သွင်းယူခဲ့တဲ့ ဂိုးတစ်ဂိုးဖြစ်ပါတယ်။ အချက်အလက်များအရ သူ့ရဲ့ ချန်ပီယံလိဂ် ဂိုးအများစုဟာ ဂိုးဧရိယာအတွင်းမှ ရရှိတဲ့ သွင်းဂိုးတွေဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းကို မပြောင်းရွှေ့ခင် မန်ယူအသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၁၅ ဂိုးသွင်းယူထားပြီး အသင်းနှစ်သင်းအတွက် စုစုပေါင်း ချန်ပီယံလိဂ်ဂိုး ၁၁၆ သွင်းယူထားပါတယ်။ ဒါက မက်ဆီထက် ချန်ပီယံလိဂ်သွင်းဂိုး ၁၉ ဂိုးပိုများတာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly