အိုင်အက်စ်လက်အောက် ကျရောက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး ဗယ်လင်တိုင်းဒေးအား မိုဆူးလ်မြို့တွင် ကျင်းပ

အိုင်အက်စ်လက်အောက် ကျရောက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး ဗယ်လင်တိုင်းဒေးအား မိုဆူးလ်မြို့တွင် ကျင်းပ

မိုဆူးလ်၊ ဖေဖော်ဝါရီ ၁၄ ။         ။ ပြီးခဲ့သည့်နှစ်အထိ မြို့တစ်မြို့လုံးအား ထိန်းချုပ်ထားသည် အိုင်အက်စ်တို့၏ တားမြစ်ထားခြင်းကြောင့် အီရတ်နိုင်ငံ မိုဆူးလ်မြို့တွင် သုံးနှစ်တာမျှ မကျင်းပနိုင်ခဲ့သော ချစ်သူများနေ့ ဗယ်လင်တိုင်းဒေးအား ယနေ့တွင် မိုးဆူးလ်မြို့ ပြည်သူများက ကျင်းပကြလျက်ရှိနေပြီ ဖြစ်သည်။

၂၀၁၄ ခုနှစ်က အိုင်အက်စ်တို့၏ သိမ်းပိုက်ခြင်း မခံရချိန်ကပင် မိုဆူးလ်မြို့တော်တွင် အစွန်းရောက်အုပ်စုများ၏ ကျယ်ကျယ်ပြန့်ပြန့် သြဇာလွှမ်းမိုးမှုများ ရှိခဲ့ခြင်းကြောင့် ချစ်သူများနေ့ကို ထင်သာမြင်သာ မကျင်းပနိုင်ခဲ့ခြင်းပဲ ဖြစ်သည်။

လက်ရှိတွင်မူ ဗယ်လင်တိုင်းဒေး လက်ဆောင်အဖြစ် အမှတ်တရပစ္စည်းများနှင့် ပန်းများကို စတိုင်းဆိုင်များက တင်ထားရောင်းချနေကြသကဲ့သို့ ချစ်သူစုံတွဲများကလည်း လက်ဆောင်ပေးရန် ဈေးဝယ်ထွက်လာကြမှုများကို မြင်တွေ့ရပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အိုင်အက်စ်လက်အောက်မှ မြို့အရှေ့ပိုင်း တစ်ဝက်ကို အီရတ်တပ်ဖွဲ့ဝင်များ ပြန်လည်သိမ်းပိုက်နိုင်ချိန်မှာပင် ချစ်သူများနေ့ကို ဆင်နွှဲကျင်းပမှုတစ်ချို့ ရှိခဲ့သည်။

သို့သော် ထိုအချိန်က မြို့အနောက်ပိုင်းမှာ အိုင်အက်စ်လက်အောက်တွင် ရှိနေပြီး ချစ်သူများနေ့ မကျင်းမဝံ့အောင် ဖြစ်ခဲ့ရခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly