စစ်မှုထမ်းတာဝန် ထမ်းဆောင်ရတော့မည့် G-Dragon

စစ်မှုထမ်းတာဝန် ထမ်းဆောင်ရတော့မည့် G-Dragon

BIGBANG အဖွဲ့မှနာမည်ကြီးအဆိုတော် G-Dragon သည် မကြာမီတွင်စစ်မှုထမ်းရတော့မည့်ဟု သူ၏အေဂျင်စီ က အတည်ပြုခဲ့သည်။

ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် YG Entertainment က “ သူဟာ စစ်မှုထမ်းဖို့ အသိပေးစာရရှိထားတယ်ဆိုတာ မှန်ပါတယ်။ BIGBANG အဖွဲ့ဝင်တွေဟာ အသိပေးစာရရှိတာနဲ့ တာဝန်ထမ်းဆောင်ဖို့ စာရင်းသွင်းဖို့ပဲ အမြဲတွေး နေကြတာပါ။ ဒါကြောင့် G-Dragon ဟာ လာမယ့်ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့မှာ စစ်မှုထမ်းဖို့ စာရင်းပေးတော့မှာ ဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဆက်လက်ပြီး “သူဟာ နှုတ်ဆက်ပွဲတွေမလုပ်ပဲနဲ့ တိုးတိုးတိတ်တိတ်ပဲ စစ်မှုထမ်းတာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ် ထားပါတယ်။ သူဟာ နိုင်ငံသားတာဝန်အရ စစ်မှုထမ်းတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်သွားမှာဖြစ်ပါ တယ်” ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့ကြသည်။

ယခုနှစ်အတွင်း စစ်မှုထမ်းဖို့ အကြောင်းကြားစာရရှိလာမည်ကို ကြိုသိထားသော G-Dragon သည် BIGBANG ၏ဖျော်ဖြေပွဲတစ်ခုတွင် “နွေရာသီပြီးလို့ ဆောင်းရာသီရောက်လာသလိုပါပဲ။ အားလုံးကျန်းကျန်းမာမာနေကြဖို့နဲ့ ဝမ်းမနည်းကြဖို့ ကျနော်မှာချင်ပါတယ်။ ကျနော်တို့ မကြာခင်မှာ ပြန်တွေ့ကြမှာပါ။ ကျနော်တို့ငါးယောက်က ပရိသတ်တွေ ပျော်ရွှင်ကြတာကိုပဲ မြင်ချင်ပါတယ်။ ကျနော်တို့အားလုံး ပြန်လည်ဆုံဆည်းကြမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့စောင့်နိုင်မယ်ဆိုရင် တစ်ရက်ပြီးတစ်ရက်ဟာ လျင်မြန်စွာကုန်ဆုံးသွားမယ်လို့ ကျနော်ယုံကြည်ပါ တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ အချစ်တွေက ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်လို့ပါ” ဟု ပရိသတ်များကို ပြောကြားခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags