ချန်ပီယံလိဂ်ဖလားကို ကာကွယ်ဖို့ ယုံကြည်မှု အပြည့်ရှိတယ်ဆိုတဲ့ ရီးယဲလ်နောက်ခံလူ မာဆယ်လို

ချန်ပီယံလိဂ်ဖလားကို ကာကွယ်ဖို့ ယုံကြည်မှု အပြည့်ရှိတယ်ဆိုတဲ့ ရီးယဲလ်နောက်ခံလူ မာဆယ်လို
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်နောက်ခံလူ မာဆယ်လိုက စပိန်ထိပ်တန်းအသင်းဟာ ဒီရာသီမှာ အခက်အခဲများ ကြုံတွေ့နေခဲ့တာကို လက်ခံပေမယ့်လည်း ၎င်းရဲ့အသင်းက လက်ရှိချန်ပီယံလိဂ် ဆုဖလားကို ကာကွယ်နိုင်တယ်လို့ အင်္ဂါနေက ထုတ်ဖော်ပြောကြားသွားပါတယ်။

ရီးယဲလ်အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့အဖြစ် ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပါတယ်။

“ကျနော်တို့ ပီအက်စ်ဂျီကို အနိုင်ယူဖို့ အသင့်ဖြစ်နေပါပြီ။ ကျနော်ဟာ ရီးယဲလ်အသင်းနဲ့ ဆုဖလားအများကြီး ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် ကျနော် အောင်ပွဲတွေရဖို့ အမြဲတမ်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တယ်။”

မာဆယ်လိုက နည်းပြ ဇီဒန်းနဲ့ ပတ်သက်လို့ “သူဟာ ကျနော့်အတွက် ပွင့်လင်းတဲ့ လူတစ်ဦးပါ။ သူက ကျနော်တို့ အောင်မြင်ဖို့ ကူညီခဲ့ပြီး အောင်မြင်မှုတွေဆီ တွန်းပို့ပေးခဲ့သူတစ်ဦးပါ”လို့ ပြောဆိုသွားပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags