အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီ ဒဏ်ရာကြောင့် ၄ ပတ်မှ ၆ ပတ်အထိ အနားယူရဖွယ်ရှိ

အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီ ဒဏ်ရာကြောင့် ၄ ပတ်မှ ၆ ပတ်အထိ အနားယူရဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

အာဆင်နယ်အသင်း တိုက်စစ်မှူး လာကာဇက်တီဟာ ဒူးဒဏ်ရာကြောင့် ၄ ပတ်မှ ၆ ပတ်အထိ အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်ရှိ ပြင်သစ်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလက လိုင်ယွန်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ကလပ်အသင်းရဲ့ သမိုင်းမှာ ဒုတိယမြောက် တန်ဖိုးအကြီးဆုံး ကစားသမားဖြစ်ပါတယ်။

“အသေးစား ခွဲစိတ်ကုသမှုဟာ အောင်မြင်ခဲ့ပြီး သူဟာ ပြန်လည်ကြံ့ခိုင်ဖို့အတွက် အချိန်ကာလတစ်ခုအထိ အနားယူသွားရမှာဖြစ်ပါတယ်။”လို့ အာဆင်နယ်အသင်းက ကြေညာချက်အကျဉ်းကို ထုတ်ပြန်ခဲ့ပါတယ်။

အာဆင်နယ်အသင်း ယခုလို ဒဏ်ရာရရှိသွားတဲ့ လာကာဇက်တီကြောင့် လာမယ့် ကြာသပတေးနေ့မှာ Ostersunds အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ တိုက်စစ်နေရာအတွက် အခက်အခဲကြုံတွေ့နေရပါတယ်။ 

ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့က အာဆင်နယ်အသင်းကို ရောက်ရှိလာတဲ့ တိုက်စစ်မှူး အော့ဘာမီးယန်းဟာ အသင်းဟောင်း ဒေါ့မွန်နဲ့ ဒီရာသီ ချန်ပီယံလိဂ်မှာ ကစားထားခဲ့တဲ့အတွက် အသင်းရဲ့ ဥရောပပွဲစဉ်တွေမှာ ပါဝင်ကစားခွင့် ရရှိမှာမဟုတ်ပါဘူး။

လာကာဇက်တီဟာ အာဆင်နယ်အသင်းအတွက် ၂၉ ပွဲ ကစားပေးအပြီးမှာ ၉ ဂိုး သွင်းယူ ပေးထားနိုင်ခဲ့ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags