ငပိန်မလေးဟု သူမကိုလှောင်ပြောင်သူများအား ဂျီဂျီဟာဒစ်တုံ့ပြန်

ငပိန်မလေးဟု သူမကိုလှောင်ပြောင်သူများအား ဂျီဂျီဟာဒစ်တုံ့ပြန်

 

နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်သည့် ဂျီဂျီဟာဒစ်သည် သူမအား ငပိန်မလေးဟုခေါ်ဝေါ်ကာ ခန္ဓာကိုယ်ကို ကြည့်ရှု၍ ကဲ့ရဲ့တတ်သူများအား ပြန်လည်တုံ့လိုက်သည်။

သူမအနေဖြင့် အလွန်ပိန်သွားခဲ့သည်ဟု တွစ်တာပေါ်တွင် ပြောဆိုခဲ့ကြသူများကို ဂျီဂျီက ပြန်လည်၍ တုံ့ပြန်ခဲ့ ခြင်းဖြစ်ပြီး သူမ၏ခန္ဓာကိုယ်ဘယ်လိုပုံဖြစ်နေမည်ဆိုတာနှင့်ပက်သက်၍ သူမအနေဖြင့် မည်သို့မှရှင်းပြခြင်းပြု တော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ဒါ့အပြင် “ရှင်တို့အတွက်တော့ ကျမက ငပိန်မလေးဖြစ်ချင်ဖြစ်နေပါ လိမ့်မယ်။ ဒါပေမယ့် ကျမကတော့ ပိုမိုကျန်းမာလာတယ်လို့တောင်ခံစားရပါတယ်” ဟု ဂျီဂျီက ဆိုခဲ့သည်။

ဆက်လက်ပြီး သူမအား ဝလွန်းသည်ဟု တစ်ချိန်ကပြောဆိုခဲ့သူများသည် ယခုအခါတွင်လည်း သူမကို ပိန်လွန်း သည်ဟု ထပ်မံပြောဆိုနေကြကြောင်း ဂျီဂျီက ခနဲ့ခဲ့သည်။

ဂျီဂျီက ကိုယ်အလေးချိန်ကျဆင်းလာရခြင်းမှာ ဟာရှီမိုတိုရောဂါကြောင့်ဖြစ်ပြီး ထိုရောဂါလက္ခဏာများထဲ၌ အလွန်ပင်ပန်းနွမ်းနယ်ခြင်းနှင့် ဇီဝဖြစ်စဉ်ပြောင်းလဲမှုကိစ္စများပါဝင်ပြီး သူမ၏ခန္ဓာကိုယ်ပြောင်းလဲလာမှုနှင့် ပက်သက်၍ ကောင်းမွန်စွာဆေးကုသမှုခံယူနေကြောင်း ပြောခဲ့သည်။

ဒါ့အပြင် သူမအနေဖြင့် ပုံမှန်အစားအသောက်လျှော့ချခဲ့ခြင်းမရှိသော်လည်း ခန္ဓာကိုယ်က ပြောင်းလဲလာခြင်း သာဖြစ်သည်ဟု ဂျီဂျီက အခိုင်အမာပြောဆိုခဲ့သည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂျီဂျီက “ကျမကတော့ ငပိန်မလေးဖြစ်ချင်တာမဟုတ်ပါဘူး။ ဒါပေမယ့် ကျမအနေနဲ့ ပိုပြီးကျန်းမာလာတယ်လို့ ခံစားရပါတယ်။ ကျမကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ကြပါနဲ့” ဟုလည်း ပြောဆိုခဲ့ သည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly