ကမ္ဘာ့ အထီးကျန်အဆန်ဆုံး ဖားလေး ရိုမီယိုအတွက် ကြင်ဖက်ရှာပေးဖို့ သိပ္ပံပညာရှင်များ ကြိုးပမ်း

ကမ္ဘာ့ အထီးကျန်အဆန်ဆုံး ဖားလေး ရိုမီယိုအတွက် ကြင်ဖက်ရှာပေးဖို့ သိပ္ပံပညာရှင်များ ကြိုးပမ်း

 

ဖေဖော်ဝါရီ ၁၃ ။                         ။ ဘိုလီးဗီးယားနိုင်ငံက အမျိုးသားပြတိုက်တစ်ခုမှာ နေထိုင်တဲ့ ရိုမီယို အမည်ရ ဖားလေးတစ်ကောင်အတွက် ကြင်ဖက်ရှာတွေ့ဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကျွမ်းကျင်သူတွေ အထူးကြိုးပမ်းနေရလျက်ရှိပါတယ်။

ဘာလို့လဲဆိုတော့ အဆိုပါ Sehuencas ရေနေဖားမျိုးစိတ် ဖားလေးကတော့ မကြာမီ မျိုးသုဉ်းပျောက်ကွယ်သွားတော့မယ့် အရေးနဲ့ ရင်ဆိုင်နေရလို့ ဖြစ်ပါတယ်။

ယခုဆိုရင် မကြာခင် ဗယ်လင်တိုင်းနေ့ ရောက်လာတော့မှာဖြစ်ပေမယ့်လည်း ဖားလေး ရိုမီယိုအတွက်ကတော့ ယခုထက်ထိ ချစ်သူတစ်ဦး ရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ Cochabamba အမျိုးသားသမိုင်းပြတိုက်မှာ နေထိုင်တဲ့ ရိုမီယိုကတော့ သူ့မျိုးစိတ်ထဲမှာ ယခုထက်ထိ နောက်ဆုံးကျန်နေရစ်တယ်လို့ ယူဆရတဲ့ တစ်ကောင်တည်းသော ဖားလေးဖြစ်နေပါတယ်။

အသက် ၁၀ နှစ်သားရွယ် ဖားလေး ရိုမီယိုကတော့ ပြီးခဲ့တဲ့ ၉ နှစ်တာလုံးလုံး အဖော်မွန်တစ်ဦး ရဖို့အတွက် ၎င်းရဲ့ အသွေးထဲ အသားထဲကနေပါ တောင်းဆိုနေခဲ့ပါလိမ့်မယ်။

ယခုဆိုရင် ကြင်ဖက်ရှာဖွေရေး ဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ Match မှာလည်း ဖားလေး ရိုမီယိုရဲ့ ပရိုဖိုင် ပုံကို တင်ပြီး ရိုမီယိုဟာ  ကြင်ဖက် ဂျူးလီယက်ကို ရှာနေပါတယ်ဆိုတဲ့အကြောင်း   ကြေညာထားခဲ့ရပါတယ်။

ယခုဆိုရင် သိပ္ပံပညာရှင်တွေကတော့ ဖားလေး ရိုမီယိုကို မျိုးဆက်ပွား သားဖောက်ပေးနိုင်ဖို့အတွက် ကိုက်ညီသင့်တော့မယ့် ဖားမတစ်ကောင် ရဖို့အတွက် နိုင်ငံတွင်းက ချောင်း၊ မြောင်း ၊ မြစ်တွေထဲမှာ ပိုက်စိတ်တိုက် ရှာဖွေနေရလျက်ရှိတယ်လို့ သိရပါတယ်။

" ကျွန်တော်တို့ဘက်ကတော့ သူ့ရဲ့ မျှော်လင့်ချက်တွေကို မဆုံးရှုံးသွားစေချင်ပါဘူး၊ သူနဲ့ မျိုးစပ်နိုင်မယ့် နောက်ထပ် ကြင်ဖက် ဖားလေးတွေ ရှိလိမ့်မယ်လို့ သူ့ကို ယုံကြည်ထားစေချင်ပါတယ်၊ ဒါမှလည်း သူ့လိုမျိုး မျိုးစိတ်ကို ကယ်တင်နိုင်မှာပါ" ဆိုပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သိပ္ပံပညာရှင် အာတူရို မိုနော့ဇ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly