သံသယဖြစ်ဖွယ်ချောစာတစ်စောင် လက်ခံရရှိပြီးနောက် ဒေါ်နယ်ထရမ့်၏ချွေးမဖြစ်သူကို ဆေးရုံသို့ပို့ဆောင်

သံသယဖြစ်ဖွယ်ချောစာတစ်စောင် လက်ခံရရှိပြီးနောက် ဒေါ်နယ်ထရမ့်၏ချွေးမဖြစ်သူကို ဆေးရုံသို့ပို့ဆောင်

 

နယူးယောက်၊ အမေရိကန်ပြည်ထောင်စု၊ ဖေဖေါ်ဝါရီ ၁၃ ။         ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ချွေးမဖြစ်သူ ဗာနက်ဆာထရမ့်၏နေအိမ်သို့ အမျိုးအမည်မသိရသော အမှုန့်များပါဝင်သည့် သံသယဖြစ်ဖွယ် ပါဆယ်တစ်ထုပ်ရောက်ရှိလာခဲ့ပြီး ချောစာတစ်စောင် လက်ခံရရှိပြီးနောက် သူမအား တာဝန်ရှိသူများက ကြိုတင်ကာကွယ်သည့်အနေဖြင့် နယူးယောက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

အဆိုပါချောစာသည် ထရမ့်၏အကြီးဆုံးသားဖြစ်သော ဒေါ်နယ်ထရမ့်ဂျူနီယာထံသို့ လိပ်မူပြီးပေးပို့လိုက်ခြင်း ဖြစ်ပြီး စာအတွင်း၌ ထူးခြားပြီး သံသယရှိရသော အရာဝတ္ထုအချို့ ပါဝင်လာခဲ့ကြောင်း ရဲတပ်ဖွဲ့၏အဆိုအရ သိရသည်။

“အဲ့ဒီအမှုန့်တွေကို စမ်းသပ်စစ်ဆေးပြီးခဲ့တဲ့နောက်မှာတော့ အန္တရာယ်မရှိနိုင်ဘူးဆိုတာကို တွေ့ရှိခဲ့ရပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ဆိုခဲ့သည်။

ထိုချောစာထဲတွင် အဖြူရောင်အမှုန့်များပါဝင်သည်ဟု အမေရိကန်မီဒီယာများကလည်း အပြိုင်အဆိုင်ဖော်ပြခဲ့ ကြသည်။

အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာနက “နယူးယောက်မြို့မှာ ကျနော်တို့ ကာကွယ်စောင့်ရှောက်ပေးနေရ တဲ့သူများထဲက လူတစ်ဦးထံကို  သံသယရှိရတဲ့ပါဆယ်ထုပ်တစ်ထုပ် ဒီနေ့မှာရောက်ရှိလာခဲ့ပါတယ်” ဟု ပြောခဲ့ ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုခဲ့သည်။

ကလေးငါးယောက်မိခင် ဗာနက်ဆာထရမ့်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် နယူးယောက်မြို့ရှိဆေးရုံတစ်ခု သို့ ပို့ဆောင်ပေးခဲ့ရကြောင်းနှင့် ထိုသံသယရှိဖွယ်ချောစာမှာ အန္တရာယ်မရှိကြောင်းနှင့် မည်သူမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း NBC သတင်းဌာနက ဆိုခဲ့သည်။

ဗာနက်ဆာထရမ့်၏ခင်ပွန်းဖြစ်သူနှင့် ခဲအိုဖြစ်သူ အဲရစ်ထရမ့်တို့နှစ်ဦးစလုံးသည် နယူးယောက်မြို့တွင်နေထိုင် ကြပြီး လွန်ခဲ့သော ၂၀၁၇ ဇန်နဝါရီလက သမ္မတရာထူး လက်ခံရယူသွားခဲ့သည့် သူတို့ဖခင်၏ လုပ်ငန်းများဖြစ်သော မိသားစုအိမ်ခြံမြေလုပ်ငန်းများကို ဆက်ခံကာ လုပ်ကိုင်လျက်ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly